Main menu

Background

မြင်းခြံ မိုးကြက်သွန်နီဈေးကွက် အရောင်းအဝယ်သွက်

Mon, 03/04/2024 - 11:33 -- journal_editor

ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်မြင်းခြံခရိုင်တွင်း ဖြစ်ပေါ်နေသော မးို ကြက်သွန်နီဈေးနှုန်များအနေဖြင့် ကြီးစတစ်ပိဿာလျှင် ကျပ် ၂၉၀၀ မှ  ၃၀ဝ၀၊ အလတ်စ ကျပ် ၂၅၀ဝ မှ ၂၇၀ဝ ဖြစ်ပြီး အသေးစ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၀ဝ၀ နှုန်းဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရ သည်။ ယခင်တစ်ပတ် ဈေးနှုန်းများအနေဖြင့် မိုးကြက်သွန်နီကြီး တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၂၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ မှ၁၈၀ဝ၊ အသေးစတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ မှ ၁၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည် ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် မိုးကြက်သွန်နီ အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၇၀ဝ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။ ယင်းသို့
မြင့်တက်ရခြင်းမှာ တောင်သူများလက်တွင် မိုးကြက်သွန်နီလက်ကျန် လျော့နည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည် ဟု ကြက်သွန်နီ ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရသည်။
ယခုတစ်ပတ်တင်ပို့မှုအနေဖြင့် မိုးကြက်သွန်နီ ကုန်ချိန်ပိဿာ ၁၂၃၀ဝ၀ ကျော်တင်ပို့ခဲ့ပြီး ယခင်တင်ပို့မှုမှာ ၁၁၀ဝ၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ကုန်ချိန်ပိဿာ ၁၃၀ဝ၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့သလို ဈေးနှုန်းလည်း ပိုမိုရရှိခဲ့ပြီး မြင်းခြံမြို့နယ်မှ စိုက်ပျိုး ထွက်ရှိသော မိုးကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိပြီး မကြာမီ နွေကြက်သွန်နီများလည်း
ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

သူဇာမိုး