Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 03/04/2024 - 11:47 -- journal_editor

အင်းစိန်မြို့နယ်ရှိ  တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်အတွင်း   ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာ ကန်စုကျေးရွာ၊   နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊   မန္တလေး၊ အုတ်ဖိုနှင့်  ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ် အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ်၅၀ဝမှ ၁၀ဝ၀အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၂၀ဝအတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀ဝ မှ ၈၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ်  ၁၇၀ဝ မှ ၂၇၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၄၀ဝ၀ မှ ၄၃၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ်၇၀ဝမှ၄၂၀ဝအတွင်း၊ ဘူးသီး(လုံး) ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ မုန်ညှင်း (ထုပ်)(ပိဿာ)ကျပ် ၁၃၀ဝမှ၁၅၀ဝအတွင်း၊ ကြက် သွန်နီ(ဆိပ်ဖြူ) ကျပ် ၁၃၀ဝ မှ ၃၆၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)   (ပိဿာ) ကျပ်  ၁၅၀ဝ၀မှ ၁၇၀ဝ၀အတွင်း၊ကြက်သွန်ဖြူ(ကြူကုတ်) (ပိဿာ) ကျပ် ၉၀ဝ၀ မှ ၉၈၀ဝ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၂၀ဝ မှ ၄၅၀ဝ အတွင်း၊  ဆလပ်ရွက် (စည်း) ကျပ် ၁၀ဝ မှ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၁၂၀ မှ ၂၀ဝ အတွင်း၊ ခရမ်းသီး(ရှည်)   (ပိဿာ)ကျပ် ၈၀ဝ မှ ၁၂၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၅၀ မှ ၃၅၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၀ဝ၀  အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၀ဝ၀ မှ ၅၀ဝ၀ အတွင်းဖြစ်ကြောင်း သိရသည်။  တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့  ယခုရက်သတ္တပတ် အတွင်း သံပရာသီး  အလုံးပေါင်း ၁၇၄၆၈၅၀ကျော်၊  ခရမ်းသီး(ရှည်) ပိဿာ ၃၉၅၆၀ ကျော်၊  ဘူးသီး အလုံးပေါင်း ၁၂၆၉၁ ကျော်၊ ရွှေဖရုံသီး အလုံး ပေါင်း ၁၀ဝ၅၅ကျော်၊  ဂေါ်ဖီထုပ်ပေါင်း  ၅၆၅၀ဝ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၆၅၈၀ဝ ကျော်၊ မုန်ညင်း ထုပ် ပိဿာ ၉၀၈၅ ကျော်၊ ဖရဲသီးအလုံးပေါင်း ၃၉၁၀ဝ ကျော် အသီးသီး  ကုန်အဝင်ရှိကြောင်း သိရသည်။                            

 

  လဲ့လဲ့စိုး(ရန်ကုန်)