Main menu

Background

မတ်လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သိန်းခြောက်သောင်းနီးပါး တင်ပို့

Mon, 04/01/2024 - 09:54 -- journal_editor

ဆန်
မတ် ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၂၃၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၇၃၄၈၀ ကျော် တင်ပို့ ခဲ့သည်။ တင်ပို့မှုအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့  ဆန်တန်ချိန် ၂၉၁၀ဝ ကျော်၊ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၅၀ ကျော်နှင့်  အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၁၇၄၀ဝ ကျော် တင်ပို့ခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များသို့ ဆန်တင်ပို့မှုမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၃၀ဝ ကျော်၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၈၈၃၀၊ ချက်သမ္မတနိုင်ငံသို့ ဆန် ၁၈၀၈ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၈၇၀၊ နယ်သာလန်နိုင်ငံသို့ ဆန် တန်ချိန် ၁၁၆၀၊ ဘူလ်ဂေးရီးယား နိုင်ငံ ဆန်တန်ချိန် ၅၅၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ လစ်ဗျားနိုင်ငံသို့ ဆန် ၂၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန် ၂၇၅ တန်၊ ဂရိနိုင်ငံ သို့ ဆန်တန်ချိန် ၂၅၀၊ ယူနိုက်တက် ကင်းဒမ်းနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ နှင့် ပြင်သစ်နိုင်ငံသို့ ဆန် တန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။
အာရှနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၂၅၀၊ မလေးရှားနိုင်ငံသို့ ဆန် ၄၉၇၅ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ဝ၊ အရှေ့တီမောနိုင်ငံသို့ ဆန် ၁၂၄၈ တန်၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၉၁၀၊ ဟောင် ကောင်သို့ ဆန် ၂၀၉ တန်၊ သြစတြေးလျနိုင်ငံနှင့် စင်ကာပူ နိုင်ငံသို့ ဆန်အနည်းငယ် တင်ပို့ခဲ့သည်။ အာဖရိကနိုင်ငံများ ဖြစ်သော ကင်မရွန်းနိုင်ငံသို့  ဆန်တန်ချိန် ၁၁၅၈၀ ကျော်၊ မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၅၁၉၀ ကျော်နှင့် အိုင်ဗရီကို့စ် နိုင်ငံသို့ ဆန်တန်ချိန် ၆၂၀ ကျော်တင်ပို့ကြောင်း သိရသည်။
မတ် ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ  အမေရိကန် ဒေါ်လာ သုည ဒသမ ၅၅၉ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၉၂၀ ကျော်  တင်ပို့သည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန် တင်ပို့မှုတန်ချိန် ၇၄၄၀ဝ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၉၅ သန်းရရှိကြောင်း သိရသည်။
ဆန်ကွဲ
မတ် ၁ ရက်မှ တတိယပတ်ထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆၇၅ သန်း ကျော် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၈၃၆၆၀ တင်ပို့ ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၅၂၄၀ဝ ကျော်နှင့် အာရှနိုင်ငံ များသို့ ဆန်ကွဲတန်ချိန် ၃၁၀၄၀ ကျော် တင်ပို့ခဲ့သည်။ ဆန်ကွဲ တင်ပို့သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ ယူနိုက်တက် ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၆၀ဝ၊ စပိန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၆၀ဝ၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ ၃၅၅၂၈ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၇၇၀ ကျော်၊ ပိုလန် နိုင်ငံသို့  ဆန်ကွဲတန်ချိန် ၆၅၀၊ အီတလီနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀ဝ နှင့် ချက်သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၀ တင်ပို့ပြီး အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၂၁၇၇၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲ ၃၇၉၆ တန်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲ ၃၂၇၆ တန်၊ ဖိလစ်ပိုင်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၂၀၈၀၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁၂၀ ကျော်တင်ပို့ပြီး အာရပ်စော်ဘွားများနိုင်ငံသို့ ဆန်ကွဲ ၂၀၈ တန်ကျော် တင်ပို့ခဲ့သည်။
မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ  အမေရိကန် ဒေါ်လာ  သုည ဒသမ ၄၈၂ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၁၂၀ ခန့် တင်ပို့နိုင်သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန် ၈၄၇၈၀ နှင့် အမေရိကန်ဒေါ်လာ တန်ဖိုး ၃၆ ဒသမ ၁၅၇ သန်း ရရှိခဲ့သည်။ မတ်လအတွင်း ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၅၉၁၈၀ ကျော် တင်ပို့ခဲ့ ကြောင်းသိရသည်။

 

DAAT