Main menu

Background

ပြည်ခရိုင်တွင် နွေစပါးများ စတင်စိုက်ပျိုး

Mon, 04/01/2024 - 09:55 -- journal_editor

ပြည်ခရိုင်တွင် ဖေဖော်ဝါရီလမှစ၍ နွေစပါးများ စတင်စိုက်ပျိုး နေပြီဖြစ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြည်ခရိုင်အနေဖြင့် ဖေဖော် ဝါရီလ ကုန်အထိ နွေစပါးစိုက်ပျိုးဧကမှာ ၁၈၉၈၈ဧက ဖြစ်၍ ပြည်မြို့နယ် တွင် ၁၁၃၄၄ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၄၆၂ ဧက၊ ပန်းတောင်းမြို့ နယ်တွင် ၃၀၂ဧက နှင့် ရွှေတောင်မြို့နယ်တွင်  ၂၄၆၂ ဧက စိုက်ပျိုးထား ရှိပြီးဖြစ်သည်။  နွေစပါးကို ပြည်ခရိုင်၌ ဖေဖော်ဝါရီတွင် စတင်စိုက်ပျိုးပြီး ဆည် ရေရ စောသောနေရာများတွင် ဦးစွာစိုက်ပျိုးကြပြီး၊ ဆည်ရေနောက် ကျမှရရှိသော နေရာများတွင် နောက်ကျပြီး စိုက်ပျိုးကြသည်။  နွေစပါး ပေါ်စအချိန်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းဖြင့် ဈေးစတင်ဖွင့်လှစ်ခဲ့ပြီး စပါးများ အထွက်လှိုင်ချိန်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆ သိန်း အထိ ဈေးရှိခဲ့သည်။  ယခုကဲ့သို့ နွေစပါးများ အထွက်နှုန်းကောင်းလာရခြင်းမှာ တောင် သူများ စိုက်ပျိုးစနစ်မှန်ကန်လာခြင်း၊ မိမိတို့စိုက်ပျိုးသည့် သီးနှံတိုင်းတွင် ထုတ်လုပ်မှုစွမ်းအား    တိုးမြှင့်နိုင်ခြင်း၊     မြေယာထုတ်လုပ်မှုစွမ်းအား တိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။

 

ဝေဝေမင်း(ပြည်)