Main menu

Background

ရန်ကုန် ညောင်ပင်လေးဈေးပလာဇာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Mon, 04/01/2024 - 10:09 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး   လမ်းမတော်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ ညောင်ပင်လေးဈေးပလာဇာတွင် လူသုံးကုန်၊ စားသောက်ကုန်များ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသည်။  ညောင်ပင်လေးဈေးပလာဇာတွင် ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ကြက်သွန်နီ(ဆိပ်ဖြူ) အရွယ်အစားအလိုက် ကျပ် ၁၉၀ဝ မှ ၂၅၀ဝ ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ(မြစ်သား) အရွယ်အစားအလိုက် ကျပ်၂၃၀ဝ မှ ၃၁၀ဝ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ကျပ် ၁၀၅၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း) ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀၊  အာလူး ကျပ် ၁၈၀ဝ မှ ၂၂၀ဝ ကျပ်၊  ချင်း ကျပ် ၄၀ဝ၀ မှ  ၅၅၀ဝ ၊ ကုလားပဲ ကျပ် ၆၀ဝ၀ မှ  ၆၂၀ဝ ၊ ပဲနီလေး ကျပ် ၁၁၀ဝ၀မှ  ၁၂၀ဝ၀   မြေပဲဆံ(နီ) ကျပ် ၉၀ဝ၀၊ မြေပဲဆန်(ဖြူ) ကျပ်  ၈၀ဝ၀၊ ငရုတ်သီးအစိမ်းမှုန့်(ပု) ကျပ် ၂၂၀ဝ၀၊ ငရုတ်သီးအစိမ်းမှုန့်(ရှည်) ကျပ် ၁၈၀ဝ၀ မှ ၂၀ဝ၀ဝ၊  ငရုတ်သီးအလှော်မှုန့် ကျပ်၂၀ဝ၀ဝ မှ ၂၂၀ဝ၀၊  ငရုတ်သီး အကြမ်းဖတ် ကျပ် ၂၀ဝ၀ဝ  နှင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

နှင်းနွယ်နွယ် (DOCA YGN)