Main menu

Background

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းအဝယ်အေးနေ

Mon, 04/01/2024 - 10:11 -- journal_editor

မတ်လ  နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့  ဧရာဝတီ မြစ်ဝကျွန်းဘက်နှင့် မတ္တရာ  စဉ့်ကူး မြင်းမူ၊ အောင်လံဒေသမှ မြေပဲ ဆန်များ ဝင်ရောက်နေပြီး  ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန်များ တရုတ်ဝယ်လက်မှ ဝယ်ယူမှု အေးခြင်းကြောင့် မြေပဲဆန် တစ်ပိဿာ လျှင် ကျပ် ၁၀ဝ မှ ၁၀ဝ၀ အထိ ဈေးကျလာပြီး ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှု အေးနေ သောကြောင့် ှ၁ ဆီဆံ တစ်ပိဿာလျှင် ယခင်တစ် ပတ်ထက် ကျပ်  ၈၀ဝ မှ ၁၅၀ဝ အထိ ဈေးကျလာ ကြောင်း  မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ  သိရ သည်။
မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ် ပတ် ကျပ် ၆၈၀ဝ မှ ၇၃၀ဝ၊ ယခင်တစ်ပတ် ကျပ် ၇၀ဝ၀ မှ ၈၀ဝ၀၊ ယခင်လက ကျပ် ၇၈၀ဝ မှ ၈၃၀ဝ ဖြစ်ခဲ့ပြီး  ယခင်တစ်ပတ်ထက် ကျပ် ၂၀ဝ မှ ၁၀ဝ၀၊ ယခင်လထက် ကျပ် ၁၀ဝ၀ ဈေးကျလာသည်။ မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများ မှာ ယခုတစ်ပတ် ကျပ် ၆၆၀ဝ မှ ၇၁၀ဝ၊ ယခင် တစ်ပတ်ကျပ် ၆၇၀ဝ မှ ၇၁၀ဝ၊ ယခင်လက ကျပ် ၇၂၀ဝ မှ ၇၄၀ဝ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀ဝ၊ ယခင်လထက်ကျပ် ၃၀ဝ  မှ ၆၀ဝ ဈေး ကျလာသည်။ S1ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၀ဝ၀ မှ ၆၁၀ဝ၊ ယခင်တစ်ပတ် ကျပ် ၆၀ဝ၀ မှ ၆၁၀ဝ၊ ယခင်လက ကျပ် ၆၈၀ဝ မှ ၇၆၀ဝ ဖြစ်ခဲ့ သည်။ 
ယခင်တစ်ပတ်အတိုင်း     ဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၈၀ဝ မှ ၁၅၀ဝ ဈေးကျလာ သည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး