Main menu

Background

ပြည်နှမ်းဈေးများ ဆက်လက်မြင့်တက်လာ

Mon, 05/06/2024 - 12:03 -- journal_editor

ပြည်ခရိုင်၏ မေလဆန်းတွင် နွေနှမ်းများ ရိတ်သိမ်းပြီး၍ မိုး နှမ်းများစိုက်ပျိုးရန် ထွန်ရေးပြင်ချိန်ဖြစ်ရာ နှမ်းသီးနှံလက်ကျန်များ ရှားပါးလာ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရသည်။ 
ပြည်ခရိုင်တွင် နှမ်းနက်ကို  အများဆုံးစိုက်ပျိုးပြီး နှမ်းနီကို အနည်း ငယ်သာ စိုက်ပျိုးကြ၍ မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင် စတင် စိုက်ပျိုးကြပြီး သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် ထွက်ပေါ်လာမည်ဖြစ်သည်။ ယခုအချိန်တွင် ပြည်မြို့ရှိ ဈေးကွက် များတွင် နှမ်းလက်ကျန်များ ရှားပါးလာပြီး ဝယ်လိုအားလည်းရှိသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ နှမ်းဈေးနှုန်းများအနေဖြင့် ၂၀၂၄ ခုနှစ် နှစ်စတွင် နှမ်းနီ သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ဝ၊ နှမ်း နက် သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း သုံး တင်း တစ်အိတ်လျှင် ကျပ် ၃၄၀ဝ၀ဝ ဖြင့် ဈေးစတင်ဖွင့်ခဲ့ရာ ယခု မေလဆန်းတွင် နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၄၅၀ဝ၀၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၈၄၀ဝ၀ နှင့် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၉၀ဝ၀ဝ ဖြင့် ဈေးနှုန်းများမြင့်တက်လာ ခဲ့သည်။ 
ဈေးနှုန်းများ မြင့်တက်လာသော်လည်း ပစ္စည်း လက်ကျန်ရှား ပါး၍ ဆီကြိတ်ရန်နှမ်းနီကို အခြားတိုင်းဒေသကြီးများမှ ဝယ်ယူ၍ ကြိတ်ခွဲရသဖြင့် နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဈေး များမြင့်တက်လာခဲ့သည်။ နှမ်းဆီဈေးများ မြင့်တက်လာသဖြင့် စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးမှုနည်း၍ ဈေးကွက်တွင် အခြားစားသုံးဆီများကိုသာ ဝယ်ယူစားသုံး ကြသည်ဟု သိရသည်။

ဝေဝေမင်း(ပြည်)