Main menu

Background

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Mon, 06/03/2024 - 10:20 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။  မကွေးတိုင်းဒေသကြီးအတွင်းရှိ  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ  ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄  ခုနှစ်၊ မေလ စတုတ္ထပတ်တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ တစ်ပိဿာဈေး နှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် ၈၈၃၀-၉၀၇၀၊ နှမ်းနီ ကျပ် ၈၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၉၀ဝ၀-၉၁၃၀၊ ပဲလွန်ဝါ(ကြီး) ကျပ် ၂၈၉၀-၃၀၅၀ ၊ ကုလားပဲ ကျပ် ၄၁၅၀-၄၂၀ဝ ၊ ပဲကြီးဖြူ ကျပ် ၄၂၁၀၊ ပဲထောပတ် ကျပ် ၅၉၀ဝ၊ မတ်ပဲ ကျပ် ၄၉၀ဝ-၄၉၅၀၊ ပဲစင်းငုံ (နီ) ကျပ် ၆၉၀ဝ၊ စားတော်ပဲ ကျပ် ၄၇၅၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ကုလားပဲ ကျပ် ၂၀-၁၀ဝ၊ ပဲစင်းငုံနီ ကျပ် ၃၅၀-၄၀ဝ ဈေးမြင့်ခဲ့ပြီး ပဲထောပတ် ကျပ် ၄၂၀ ဈေးကျခဲ့သည်။ 
တစ်ပတ်အတွင်း တန်ချိန် ၇၂၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲအိတ် ၃၀ဝ၀၊ ပဲကြီးအိတ် ၁၂၀ဝ၊ မတ်ပဲအိတ် ၆၀ဝ၊ မန္တလေးမြို့သို့ နှမ်းအိတ် ၁၀ဝ၀၊ စုစု ပေါင်း အိတ်  ၅၈၀ဝ တင်ပို့ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲစင်းငုံ(နီ) ကျပ် ၆၈၅၀-၆၉၅၀၊ ကုလားပဲ(ဝါသေး) ကျပ်၃၉၅၀၊ ကုလားပဲဟော်လန် ကျပ် ၄၀၇၅၊ မြေပဲလုံးဆန်နီ ကျပ်၆၂၀ဝ၊ မြေပဲလုံးဆန် ဖြူ ကျပ် ၇၀ဝ၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင်  ပဲစင်းငုံနီ ကျပ်၃၂၀-၃၅၀၊ ကုလားပဲ(ဝါသေး) ကျပ် ၅၀၊ ကုလားပဲဟော်လန် ကျပ်၂၅-၅၀၊ မြေပဲလုံးဆန်ဖြူ ကျပ် ၁၀ဝ၀ ဈေးမြင့်တက်ခဲ့ပြီး မြေပဲလုံးဆန်နီ ကျပ် ၃၀ဝ ဈေးကျခဲ့သည်။ 
အောင်လံကုန်စည်ဒိုင်တွင်  နှမ်းဈေးနှုန်းမှာ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲစင်းငုံနီမှာ ကျပ် ၆၈၄၀-၆၉၀ဝ၊ ကုလားပဲ(မြကြေး) ကျပ် ၄၃၅၀၊ ကုလားပဲ(ဟော်လန်) ကျပ်၄၁၀ဝ-၄၁၇၅၊ ပဲကြီး(သစ်) ကျပ် ၄၄၀ဝ၊ မြေပဲဆီဆန်(ဖြူ) ကျပ် ၆၉၀ဝ-၆၉၅၀၊ မတ်ပဲ ၅၀၇၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ယခုတစ်ပတ် တွင် ပဲစင်းငုံနီ ကျပ် ၂၉၀-၃၅၀၊ ကုလားပဲဟော်လန် ကျပ် ၂၅-၅၀၊ ကုလားပဲ(မြကြေး) ကျပ် ၅၀-၁၀ဝ၊ မတ်ပဲ ကျပ် ၁၅၀၊ မြေပဲလုံးဆန် ဖြူ ကျပ် ၁၅၀-၂၀ဝ  အသီးသီးဈေးမြင့်ခဲ့သည်။ တစ်ပတ်အတွင်း တန်ချိန် ၁၃၉ ဒသမ ၄၅ တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းကုန်စည်ဒိုင်တွင် ကြက်သွန်နီ ကျပ် ၁၈၀ဝ-၂၂၀ဝ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ် အတွင်းတန်ချိန် ၉၇ ဒသမ ၉၇ တန်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။
ဆိပ်ဖြူကုန်စည်ဒိုင်တွင် ကြက်သွန်နီ(သစ်) ကျပ် ၁၄၀ဝ-၂၀ဝ၀ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း   ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပတ်အတွင်း တန်ချိန် ၄၈ဒသမ၉၈ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ကုလားပဲ ၉၂၉ ကျပ် ၄၁၆၀-၄၁၈၅ ၊ ဃဏ ပြောင်း ကျပ် ၁၀၈၀၊ ပဲဇီးကွက် ကျပ် ၂၅၁၀ ဖြစ်ပြီး ယခင်တစ် ပတ်ထက် ယခုတစ်ပတ်တွင်  ကုလားပဲ ၉၂၉ ကျပ် ၂၅၊ ဃဏ ပြောင်း ကျပ် ၁၀ဝ၊ ပဲဇီးကွက် ကျပ်၁၁၀ ဈေးနှုန်းမြင့်တက်ခဲ့သည်။ တစ်ပတ် အတွင်း တန်ချိန်  ၁၇၄ဒသမ၂၉ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ 

ရဲမင်းသာ