မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေး နှုန်းများ ကျဆင်းလာသည်။ မေလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၀ဝ၀ ရှိခဲ့ပြီး မေလ တတိယပတ်တွင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၁၀ဝ ဖြစ်၍ ကျပ် ၁၀ဝ ကျဆင်းလာကြောင်း ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် တန်ချိန်ကိုးတန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရ သည်။
ရေနံချောင်းဈေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ မေလ စတုတ္ထပတ်တွင် ယခင် တစ်ပတ်အတိုင်း ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၀ဝ၀ ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့များ မှ ဝယ်ယူကြောင်း၊ ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချပြီး တစ်ရက်လျှင် ပိဿာချိန် ၁၀ဝ၀ဝ ခန့်၊ တစ်ပတ်လျှင် တန်ချိန် ၉၇ တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရသည်။
လင်းကိုကိုဖြိုး