Main menu

Background

ဒေသမရွေးသည့် စီးပွားဖြစ် စပျစ်

Mon, 06/03/2024 - 11:44 -- journal_editor

မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြား စိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရာ တွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင် ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်း နှင့်   စင်တင်စိုက်ပျိုးနည်းဟူ၍   စိုက်ပျိုးလေ့ရှိ ကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်း သိရသည်။ အများအား ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုး ခြင်းနည်းကိုသာ အသုံးပြုကြသည်။
စပျစ်သည် ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိ ပြီး မတ်လတွင် အသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီ ဖြစ်သည်။ စပျစ်စိုက်တစ်ဧကလျှင် ပိဿာ ၁၅၀ဝ ထွက်ရှိပြီး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ အထိ ဈေးကွက်အတွင်းရောင်းချရကြောင်း၊ နှစ် ရှည်ပင်ဖြစ်သည့်အတွက် အရင်းအနှီး ပို၍များ ကြောင်း၊ ခူးဆွတ်ချိန်တွင် ခြံလုပ်သား ၁၅ ဦးခန့် ခေါ်ယူခူးဆွတ်ရပြီး လုပ်အားခနှုန်းထားမှာ တစ်ဦး လျှင်  တစ်ရက် ကျပ် ၈၀ဝ၀ နှုန်း ပေးချေရသည်။ ထွက်ရှိလာသော  စပျစ်သီးများအား  မကွေး၊ ချောက်၊ ရေနံချောင်း၊ စလင်း၊   ပွင့်ဖြူမြို့များမှ ကုန်သည်ပွဲစားများက  စပျစ်ခြံအရောက်  လာ ရောက် ဝယ်ယူကြကြောင်း နတ်မောက်မြို့ရှိ စပျစ် ခြံစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
စပျစ်သည်တစ်ကြိမ်စိုက်ပျိုးပြီး စနစ်တကျ ပြုစုပါက တောင်သူများ နှစ်စဉ်ဝင်ငွေရရှိနိုင်သည့် အပြင် ခြံလုပ်သားများအတွက်လည်း  အလုပ် အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင် သည်။ စပျစ်စိုက်ပျိုးခြင်းကို အသီးစားသုံးမှုအတွက် စိုက်ပျိုးခြင်းသာမက တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သော  စပျစ်ဝိုင်၊ စပျစ်ခြောက်၊ စပျစ်ယိုအဖြစ်ပါ ထုတ် လုပ်လာကြသောကြောင့် ဈေးကွက်ဝင်သီးနှံလည်း ဖြစ်သည့်အပြင် ဈေးကွက်ဝယ်လိုအားကောင်းပြီး အကျိုးအမြတ် များစွာရရှိသည့်အတွက် မကွေး တိုင်းဒေသကြီးအတွင်းရှိ  ဒေသအများအပြားတွင် စပျစ်ခြံများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
 

 

ဆုလပြည့်ဝင်း