မေလ နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် အညာဒေသမှ မြေပဲဆန်များ ဝင်ရောက်နေပြီး မြေပဲလုံးဆန်များသည် ယခင်သီတင်းပတ်က ဈေးအေးနေရာမှ ယခုပတ်တွင် တရုတ်ဝယ် လက်မှ ဝယ်ယူမှုရှိခြင်းနှင့် စက်ပိုင်များမှ ဝယ် ယူနေသောကြောင့် အရောင်းသွက်၍ ဈေးမြင့် လာသည်။
မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ မှ ၅၀ဝ ထိ မြင့်တက်လာကြောင်း သိရသည်။ နှမ်း အမျိုးအစားမှာ အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခင် တစ်ပတ်ထက် အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့် ဆုံး ကျပ် ၈၅၀ဝ၀ ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခု တစ်ပတ် ကျပ် ၇၀ဝ၀ မှ ၇၃၀ဝ၊ ယခင်တစ်ပတ် ကျပ် ၆၅၀ဝ မှ ၆၈၀ဝ၊ ယခင်လ ကျပ် ၇၆၀ဝ မှ ၇၇၀ဝ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ မြင့်တက်လာပြီး ယခင်လထက် ကျပ် ၄၀ဝ မှ ၆၀ဝ နိမ့်ကျလာသည်။
မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်း များမှာ ယခုတစ်ပတ် ကျပ် ၇၀ဝ၀ မှ ၇၃၅၀၊ ယခင်တစ်ပတ် ကျပ် ၇၀ဝ၀ မှ ၇၂၀ဝ၊ ယခင်လ ကျပ် ၆၇၀ဝ မှ ၇၀ဝ၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၅၀၊ ယခင်လထက် ကျပ် ၃၀ဝ မှ ၃၅၀ မြင့်တက်လာသည်။
ှ၁ ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၃၀ဝ မှ ၆၈၀ဝ၊ ယခင်တစ်ပတ် ကျပ် ၆၅၀ဝ မှ ၆၇၀ဝ၊ ယခင်လ ကျပ် ၆၃၀ဝ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ မှ ၂၀ဝ၊ ယခင်လထက် ကျပ် ၅၀ဝ မြင့်တက်လာသည်။ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၄၀ဝ၀ဝ မှ ၄၆၀ဝ၀ဝ ယခင်တစ်ပတ် ကျပ် ၃၇၅၀ဝ၀ မှ ၃၉၅၀ဝ၀၊ ယခင်လကျပ် ၃၅၅၀ဝ၀ မှ ၃၉၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၆၅၀ဝ၀၊ ယခင်လထက် ၆၅၀ဝ၀ မှ ၈၅၀ဝ၀ မြင့်တက်လာ သည်။
နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၈၅၀ဝ၀ မှ ၃၉၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၇၅၀ဝ၀ မှ ၃၉၅၀ဝ၀၊ ယခင်လ ကျပ် ၃၆၅၀ဝ၀ မှ ၃၇၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ဝ၊ ယခင်လထက် ကျပ် ၂၀ဝ၀ဝမှ၂၅၀ဝ၀ မြင့်တက် လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၂၅၀ဝ၀ မှ ၄၃၀ဝ၀ဝ၊ ယခင်တစ်ပတ် ကျပ် ၄၂၀ဝ၀ဝ မှ ၄၂၅၀ဝ၀၊ ယခင်လ ကျပ် ၃၉၅၀ဝ၀ မှ ၄၀ဝ၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀၊ ယခင်လထက် ကျပ် ၃၀ဝ၀ဝ မြင့်တက်လာသည်။
နှမ်းညို ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ် လျှင် ယခုတစ်ပတ် ကျပ် ၃၀၅၀ဝ၀ မှ ၃၄၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၁၀ဝ၀ဝ မှ ၃၁၅၀ဝ၀၊ ယခင်လ ကျပ် ၃၀ဝ၀ဝ၀ မှ ၃၀၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀ မှ ၃၀ဝ၀ဝ ၊ ယခင်လထက် ကျပ် ၅၀ဝ၀ မှ ၄၀ဝ၀ဝ မြင့်တက် လာသည်။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး