Main menu

Background

ပြည်နှမ်းဈေးကွက်

Mon, 07/01/2024 - 13:22 -- journal_editor

ပြည်ခရိုင်အတွင်းတွင် နှမ်းနီဈေးများမြင့်တက်ပြီး နှမ်းနက်နှင့် စမုံနက်နှမ်းဈေးများ အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့်လည်း ယခင်နှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ်လျှင် ကျပ် ၂၆၅၀ဝ၀၊ ယခုနှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ် လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြင့် ယခုနှစ်တွင် ကျပ် ၁၀၅၀ဝ၀ ခန့် ဈေးမြင့်တက်လာခဲ့သလို နှမ်းနက်ဈေးမှာလည်း ယခင်နှစ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀  ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ဇွန်လကုန်အပတ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြစ်၍ ယခုနှစ်တွင် ကျပ် ၇၀ဝ၀ဝ ဈေးမြင့် လာခဲ့သည်။ 
ထို့အတူ စမုန်နက်နှမ်းဈေးမှာလည်း ၂၀၂၃ ခုနှစ် ဇွန်လကုန်ပိုင်းတွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၃၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပတ်တွင် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၈၅၀ဝ၀ ဖြင့် ယခုနှစ်တွင် ကျပ် ၅၅၀ဝ၀ ပိုလာခဲ့သည်။ နှမ်းနီမှာ ပြည်ခရိုင်အတွင်း စိုက်ပျိုးမှုနည်းပြီး လိုအပ်သည့်နှမ်းနီကို အခြားတိုင်းဒေသကြီးများမှ ဝယ်ယူရသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး  ဆီစက်သမားများက လည်းဆီကြိတ်ခွဲရန်ဝယ်ယူမှုရှိ၍ ဈေးပိုလာခဲ့ခြင်းဖြစ်သည်။ 
နှမ်းဈေးများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ဈေးပိုလာခဲ့ပေမယ့် ယခုနှစ် မေလကုန်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်လျော့နည်းလာ သည်ကို တွေ့ရသည်။ ထိုသို့ ဈေးနှုန်းလျော့နည်းလာရခြင်းမှာ မိုးနှမ်းများ စိုက်ပျိုးချိန်ဖြစ်၍ လက် ကျန်ရှားပြီး အရောင်းအဝယ်ပါးလာ၍ ဖြစ်သည်ဟု သိရသည်။                                                                                                                                                                                  

 

ဝေဝေမင်း(ပြည်)