Main menu

Background

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် နှမ်းများစတင်ရိတ်သိမ်း၍ ဈေးကောင်းရနေ

Mon, 07/01/2024 - 15:13 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများရှိ တောင်သူများသည် စပါး၊ နှမ်း၊ ကြက်သွန်နှင့် ဝါ များကို အဓိကစိုက်ပျိုးကြပြီး ယခုအခါတွင် မတ်လကုန်ပိုင်းက စိုက်ပျိုးထားသည့် နွေနှမ်းများသည် ဇွန်လ လယ်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်၍ ဈေးကောင်းရနေကြောင်းသိရသည်။
စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်  ခုနစ်သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းမှာ ရေ၊ မြေ အနေအထားနှင့် ကိုက်ညီမှုရှိပြီး မြေဆီ ဖြည့်ပေးမှုအပေါ်တွင် အထွက်နှုန်းကွာခြားကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်းမှ ၁၂ တင်းခန့်ထွက်ရှိကြောင်း၊ ဈေး ကွက်အနေဖြင့် ကူမဲ၊ မြစ်သား၊ ကျောက်ဆည် ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး နှမ်းတစ်တင်းလျှင် ယခင်နှစ် က ကျပ် ၁၁၅၀ဝ၀ မှ ၁၂၀ဝ၀ဝ၊ ယခုနှစ်တွင် ကျပ် ၁၄၃၀ဝ၀ မှ ၁၅၀ဝ၀ဝ၊ ယခင်နှစ်ထက်  ဈေးကောင်းပိုမိုရရှိ၍ အကျိုးအမြတ်များစွာ ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး