Main menu

Background

အထက်မင်းလှမြို့နယ်၌ သကြားပြောင်းဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ

Tue, 08/06/2024 - 11:33 -- journal_editor

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် အထက်မင်းလှ မြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင် သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရသည်။
ဥယျာဉ်ကျေးရွာတွင် သကြားပြောင်းနှင့် ပြောင်းစေးစိုက် ဧကမှာ ရှစ်ဧကခန့်ရှိပြီး စိုက်တောင်သူမှာ ၁၀ ဦးခန့်ရှိ ကြောင်း၊ ၎င်းအနေဖြင့် သကြားပြောင်း တစ်ဧကခန့်စိုက်ပျိုး ထားရှိပြီး သကြားပြောင်းမျိုး တစ်ဘူးလျှင် ကျပ် ၄၃၀ဝ၀၊ ပြောင်းစေးမျိုးတစ်ဘူးလျှင် ကျပ် ၃၄၀ဝ၀ ဖြင့် အထက်မင်းလှ မြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူကြောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် စတင်စိုက်ပျိုးပြီး ယခုဇူလိုင်လ ပထမပတ်တွင် လှိုင်လှိုင်ထွက်ရှိလျက်ရှိပြီး  ရေတင်ခ၊ မြေပြုခ၊ မျိုးခနှင့် လုပ် အားခ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် ၈၄၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်  တစ်ဧကလျှင် ပြောင်းဖူးရေ ၉၀ဝ၀ ကျော်ထွက်ရှိပြီး ဇူလိုင်လ စတုတ္ထပတ် တွင် တစ်ဖူးလျှင် အကြီး အသေးအလိုက် လက်ကားဈေး ကျပ် ၃၀ဝ မှ ၃၅၀ အထိ ဈေးရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း ၂၀ ခန့်ရရှိ၍ ပြောင်းစိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း၊  ထွက်ရှိသည့်  ပြောင်းဖူးများကို အထက် မင်းလှဈေးနှင့်     မင်းလှ-သရက်-မလွန်ကားလမ်းဘေးရှိ ပြောင်းဖူးဒိုင်သို့ တင်သွင်းရောင်းချကြောင်း ဥယျာဉ်ကျေးရွာ နေ ပြောင်းစိုက်တောင်သူထံမှ သိရသည်။   

 

နှင်းလွင်ဦး(မကွေး)