Main menu

Background

ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်

Tue, 08/06/2024 - 12:30 -- journal_editor

ပဲတီစိမ်း
ပဲတီစိမ်းမှာ မေလပထမပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင် စတုတ္ထပတ်တွင် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၀၅၀ဝ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ  ၄၅၀ဝ တင်း၊  ၁၄၇ တန် ဖြစ်ကြောင်း၊ ယခင်တစ်ပတ်က ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၅၀ဝ၀  ပေါက်ဈေးရှိခဲ့သဖြင့် ယခုပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်  ကျပ် ၅၅၀ဝ ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် ပဲတီစိမ်းဈေး ဆက် လက်မြင့်တက်လာသည့်အပြင် အရောင်းအဝယ် လည်းကောင်းလာ ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများထံမှ သိရ သည်။ 
နှမ်းနက်
ဇွန် ပထမပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းနက်များ စတင်ဝင်ရောက်ခဲ့ကြောင်း၊  ဇူလိုင်လ စတုတ္ထပတ်တွင် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၀ဝ၀ဝ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ ၇၅၀ တင်း၊  ၁၈ တန်ဖြစ် ကြောင်း၊ ယခင်တစ်ပတ်က  နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၅၅၀ဝ၀ ပေါက်ဈေးရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဈေးပိုမိုရရှိခဲ့ကြောင်း သိရသည်။  
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး 
ဇူလိုင်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး  ဈေးနှုန်းများမှာ ဇာမဏီတံဆိပ် ၁၃ါ်၅ါ်၇ ကွန်ပေါင်းဓာတ်မြေသြဇာ ၅၀ kg တစ်အိတ်လျှင် ကျပ် ၇၄၀ဝ၀ နှင့် ဒီမွန် ၁.၈ တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) ၅၀ဝခခ တစ်ဘူး လျှင် ကျပ် ၁၇၀ဝ၀၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ် ငွေ့)  ၁၀ဝခခတစ်ဘူးလျှင် ကျပ် ၂၂၀ဝ၀၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် ပိုးသတ်ဆေး ၂၅၀ခခ တစ်ဘူးလျှင် ကျပ် ၁၇၀ဝ၀ ဖြင့် ရောင်းချလျက် ရှိပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်း ဓာတ်မြေသြဇာ၊ အာမို၊ ကျွဲနက် တံဆိပ် (15:15:15) ကွန်ပေါင်း ဓာတ်မြေသြဇာ၊ ပန်းဖူးတံဆိပ် ဓာတ် မြေသြဇာ၊ MC တံဆိပ် (15:15:15) ကွန်ပေါင်းဓာတ်မြေသြဇာနှင့် ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့)ပိုးသတ်ဆေးများမှာ ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ပိုးသတ်ဆေးများမှာ ပုံမှန် အရောင်းအဝယ် ဖြစ်သော်လည်း ဓာတ်မြေသြဇာမှာ ပစ္စည်း ပြတ်သည့်အပြင် အရောင်းအဝယ် အေးလျက်ရှိကြောင်း ဓာတ်မြေ သြဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ သိရှိရသည်။

 

နှင်းနှင်းခိုင်  (ရွှေဘို)