Main menu

Background

ကြီးပင်ကန်ကျေးရွာတွင် နွေနှမ်းများ စတင်ထွက်ပေါ်လျက်ရှိ

Tue, 08/06/2024 - 14:19 -- journal_editor

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ကြီးပင် ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် တောင်သူများအနေဖြင့် နွေနှမ်း ဧက ၃၀ဝ ကျော်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ထွန်ကြောင်းဆွဲအစေ့ချ စနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးကြောင်း သိရသည်။ 
နှမ်းမျိုးများမှာ နှမ်းနက်စမုန်၊ ဂျပန်နှမ်းဖြူများကို အဓိက စိုက်ပျိုးကြပြီး ယခင်နှစ်ကမျိုးကို ပြန်လည်အသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် တစ်ဧကလျှင် ကျပ်  ၅၀ဝ၀ဝ၀ ခန့်ရှိကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၀ တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ် တင်းလျှင် နှမ်းနက်စမုန် ကျပ် ၁၁၄၀ဝ၀၊ နှမ်းဖြူ ကျပ် ၁၀၉၅၀ဝ ရောင်းချ ရကြောင်း၊ အကျိုးအမြတ်အနေဖြင့် နှမ်းနက်စမုန် တစ်ဧကလျှင် ကျပ် ၆၄၀ဝ၀ဝ ၊ ဂျပန်နှမ်းဖြူ ကျပ် ၅၉၀ဝ၀ဝ  ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများနှင့် မင်းဘူးမြို့ရှိ ဆီစက်များ၊ ပွဲရုံများသို့‌ တင်ပို့ ရောင်းချ ကြကြောင်း ကြီးပင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။                                                                  

 

ဟိန်းလင်းစိုး(မကွေး)