Main menu

Background

ပြည်မြို့၏ မန်ကျည်းသီးစိမ်း ဈေးကွက်နှင့် နနွင်းတက် ဈေးနှုန်းဈေးကွက်

Tue, 08/06/2024 - 14:21 -- journal_editor

ယခုအချိန်တွင် မိုးရာသီ  ရောက်ရှိနေပြီဖြစ်သည့် အတွက် ရာသီစာဖြစ်သော မန်ကျည်းသီး စိမ်းများ ဈေးကွက် သို့  ဝင်ရောက်နေပြီဖြစ်သည်။   မန်ကျည်းသီးစိမ်းများကို ပြည်မြို့နယ် အနီးတစ်ဝိုက်ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်တစ်ဖက်ကမ်းရှိ ရွှေဘုံသာ၊ ငွေဘုံသာကျေးရွာ များမှ ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြသည်။ 
ပြည်ဈေးကွက်အတွင်းတွင် ရောင်းချသော မန်ကျည်း သီးစိမ်းဈေးများမှာ ယခင်နှစ်တွင် ၁၀ ကျပ်သားလျှင် ကျပ် ၆၀ဝ-၇၀ဝ ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ် ဇူလိုင်လနောက်ဆုံး ပတ်တွင် ၁၀ ကျပ်သားလျှင်  ကျပ် ၁၂၀ဝ ဖြင့်ရောင်းချနေ ကြောင်း သိရသည်။ 
ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၀ ကျပ်သားကို ကျပ် ၅၀ဝ-၆၀ဝခန့် ဈေးများပိုလာခဲ့သည်။ ထိုကဲ့သို့ဈေးနှုန်းများပိုလာရခြင်းမှာ မန်ကျည်းသီးများသီးချိန်တွင်  ရာသီဥတုပူ ပြင်း၍  အသီးထွက်နှုန်း  နည်းပါးလာ၍ဖြစ်ကြောင်း  သိရ သည်။
နနွင်းတက်ထွက်ရှိရာ  ဒေသများအလိုက်  အခေါ် အဝေါ် အမျိုးမျိုးရှိသည်။ နနွင်းတက် ထွက်ရှိရာ ဒေသများမှာ အောင်ပန်း၊ ကလောမြို့၊ ပင်လောင်းမြို့နှင့် ရှမ်းပြည်နယ် စသည်များမှ ဝင်ရောက်လာကြောင်း သိရပြီး ကျောက်ဆည်၊ ဟင်္သာတ၊ မင်းတုန်းဒေသများမှလည်း ပြည်ပွဲရုံများသို့ ဝင် ရောက်ကြောင်း သိရသည်။ နနွင်းတက်ဈေးမှာ ကျောက်ဆည် နနွင်း (အချော)တစ်ပိဿာလျှင်  ကျပ် ၁၄၀ဝ၀၊ နနွင်းတက် (အသေး)တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

ယဉ်သိမ့်နွေး၊ ခင်ဆွေဦး(ပြည်)