Main menu

Background

မိတ္ထီလာခရိုင်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း

Tue, 08/06/2024 - 14:23 -- journal_editor

မိတ္ထီလာခရိုင် မိတ္ထီလာမြို့ရှိ မြို့မ ဈေးကြီးတွင် လူသုံးကုန်၊ စားသောက် ကုန်များ  လက်လီလက်ကားရောင်းချ လျက်ရှိသည်။  ဇူလိုင်လ   စတုတ္ထပတ် အတွင်း   ဖြစ်ပေါ်နေသော  အခြေခံ  စားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း တစ်ပြည် ကျပ် ၆၅၀ဝ၊ မနော သုခ တစ်ပြည်   ကျပ် ၂၇၀ဝ-၃၃၅၀   ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အခြေခံစားကုန်များ၏    တစ်ပိဿာ ဈေးနှုန်းများမှာ  စားအုန်းဆီ  ကျပ်  ၆၀ဝ၀၊  မြေပဲဆီ တစ်ပိသာလျှင် ကျပ် ၁၆၀ဝ၀-၁၇၀ဝ၀၊  နှမ်းဆီ တစ်ပိဿာ လျှင် ကျပ် ၁၄၅၀ဝ-၁၆၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကုလားပဲဆန် တစ်ပိဿာ ကျပ် ၆၂၀ဝ၊ ကြက်သွန်နီ  လက်လီတစ်ပိဿာ  ကျပ် ၂၂၀ဝ၊ ကြက်သွန်ဖြူ  တစ်ပိဿာလျှင်  ကျပ် ၈၀ဝ၀၊  ငရုတ်သီးပုတစ်ပိဿာလျှင်  ကျပ် ၁၄၀ဝ၀၊ ငရုတ်ရှည် တစ်ပိဿာ လျှင်  ကျပ် ၉၀ဝ၀၊ အာလူး တစ်ပိဿာ လျှင်  ကျပ် ၁၅၀ဝ-၃၀ဝ၀၊  ချင်းတစ် ပိဿာလျှင် ကျပ် ၄၀ဝ၀-၆၀ဝ၀၊ ခရမ်း ချဉ်သီး  တစ်ပိဿာလျှင်  ကျပ် ၃၅၀ဝ  တို့ဖြစ်သည်။ 
မွေးမြူရေး  ထွက်ကုန်များဖြစ် သော ကြက်ဥလက်လီဈေးနှုန်းမှာ တစ် လုံး ကျပ် ၃၀ဝ၊ ဘဲဥကြီး တစ်လုံး ကျပ် ၃၈၀  ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါး ဈေးနှုန်းနှင့် ငါးခြောက်တစ်ပိဿာဈေး များမှာ ကြက် သား (ဒေသကြက်)  ကျပ် ၁၈၀ဝ၀၊ ကြက်သား(ဃဏ) ကျပ် ၁၁၀ဝ၀၊ ဝက်သား ကျပ် ၂၄၀ဝ၀၊ အမဲသား ကျပ် ၂၀ဝ၀ဝ၊ ဆိတ်သား ကျပ် ၂၂၀ဝ၀၊ ငါးကြင်း  ကျပ် ၁၀ဝ၀ဝ၊  ငါးမြင်း ကျပ် ၂၀ဝ၀ဝ၊ငါးမြစ်ချင်း ကျပ် ၈၅၀ဝ၊ ငါးတန်  ကျပ် ၇၅၀ဝ၊ ငါးခူ ကျပ် ၁၅၀ဝ၀၊ ငါးရံ့ ကျပ် ၁၅၀ဝ၀၊   ငါးသလောက် ကျပ် ၂၀ဝ၀ဝ၊ ငါးဘတ် ကျပ် ၂၀ဝ၀ဝ၊ ငါးဖယ် ကျပ် ၁၅၀ဝ၀၊ ရေချိုပုစွန်(လတ်)  ကျပ် ၃၅၀ဝ၀၊ ငါးခြောက် လက်လီဈေးနှုန်းမှာ အာပြဲခြောက်  ကျပ် ၂၀ဝ၀ဝ၊ ငါးရံ့ ခြောက်  ကျပ် ၄၆၀ဝ၀၊ ငါးတံခွန်ခြောက် ကျပ် ၁၂၀ဝ၀၊   ငါးနီတူခြောက် ကျပ် ၁၄၀ဝ၀၊    ငါးရောင်ခြောက် ကျပ် ၄၂၀ဝ၀၊ ပုစွန်ခြောက် ကျပ် ၅၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။                                  

 

 မြို့ရီ