Main menu

Background

ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များတွင် ဆီထွက်သီးနှံဈေးများ ဆက်လက်မြင့်တက်

Tue, 08/06/2024 - 14:49 -- journal_editor

ဇူလိုင်လအတွင်း ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန်ဈေးများ မြင့် တက်လာခဲ့သည်။ မိုးနှမ်းနှင့် မိုးမြေပဲများ စိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်းလည်း လာ ရောက် ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
မြေပဲဆန်မှာ ဝယ်လိုအားရှိသော်လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ဈေးများမြင့်တက် လာသလို နှမ်းသီးနှံမှာလည်း နောက်ထပ် တစ်လခွဲအကြာတွင် ထွက်ပေါ် လာမည်ဖြစ်သည်ဟု သိရသည်။ ယခုအချိန်တွင်  လူအများမှာ မြေပဲဆီနှင့် နှမ်းဆီကို ဝယ်ယူစားသုံးကြသည့်အတွက် ဆီစက်သမားများ ကလည်း နှမ်းနှင့်မြေပဲကို ဆီကြိတ်ရန် အဝယ်ရှိသဖြင့် သီးနှံများ ထွက်ပေါ်မှုမရှိသေးဘဲ စပ်ကူးမတ်ကူး အချိန်ဖြစ်၍ ဈေးနှုန်းများ မြင့်တက်လာသည်ဟု သိရသည်။ 
ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲ ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၂၀ဝ၊ (အနီ)တစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀ နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၈၆၀ဝ၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၈၃၀ဝ ဖြင့် ရောင်းချသလို ဈေးကွက်များတွင် မြေပဲကြော်စားရန်အတွက် ရောင်းချသော မြေပဲ ဆန်ဈေး မှာ နို့ဆီဘူးတစ်ဘူးလျှင် ကျပ် ၁၀ဝ၀-၁၁၀ဝ  ဖြင့် ရောင်းချလျက်ရှိသည်။ 
နှမ်းဈေးမှာ ဈေးကွက်တွင် ပစ္စည်းပြတ်နေသော်လည်း ဈေးသာဖြစ်နေ၍  နှမ်းနီတစ်တင်းလျှင် ကျပ် ၁၁၂၀ဝ၀ ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၄၃၀ဝ၀  နှင့် စမုန်နက်နှမ်းတစ်တင်းလျှင် ကျပ် ၁၄၈၀ဝ၀ ဖြင့် ဈေးဖြစ်ပြီး ရံဖန်ရံခါသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။ ယခင် ဇွန်လနှင့် နှိုင်းယှဉ် လျှင် မြေပဲဆီဆန်(အဖြူ)နှင့် (အနီ)  တစ်ပိဿာလျှင် ကျပ်  ၁၂၀ဝ စီ၊ မြေဆန်လုံးဆန်(အဖြူ)တစ်ပိဿာ လျှင်ကျပ်  ၉၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၈၀ဝ ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ နှမ်းဈေးမှာ ယခင်ဇွန်လအတိုင်း ဈေးငြိမ်နေကြောင်း သိရသည်။  ပြည်ဈေးကွက်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးနှုန်း များကို ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အလိုက် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယခုနှစ်တွင် ဈေးမြင့်တက်လာ ခဲ့ကြောင်း သိရသည်။                                                                                              

 

  ဝေဝေမင်း(ပြည်)