နှမ်းသီးနှံကို လူအများက နှမ်းဆီကြိတ်၍ စားသုံးကြသလို နှမ်း သီးနှံအတိုင်းကို လိုအပ်သလိုပြုလုပ်၍ စားသုံးကြသည်။ နှမ်းသီးနှံ ကို ဆီကြိတ်၍ စားသုံးလျှင် ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေ သည်။ နှမ်းသီးနှံတစ်တင်းကို ဆီကြိတ်လျှင် ဆီခြောက်ပိဿာခန့်ထွက် ရှိပြီး နှမ်းဖတ်ငါးပိဿာခန့် ထွက်ရှိသည်။ နှမ်းကို ဆီကြိတ်ရာတွင် နှမ်းနီကို အဓိကထား၍ ဆီကြိတ်ကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကို ဆီကြိတ်ကြသည်။ နှမ်းနီကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းကောင်းပြီး နှမ်းနက်ကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းနည်းပြီး ဆီအရောင်မှာ အနည်းငယ် မည်းတတ်သည်။ နှမ်းနီမှထွက်ရှိသောဆီမှာ စားသုံးရန် သင့်တော်ပြီး နှမ်းနက်မှထွက်ရှိသော ဆီမှာ စားသုံးရန်အတွက် သာမက ဆေးဖော်ရာတွင်လည်း အသုံးဝင်သည်။
နှမ်းများကိုသန့်စင်ပြီး ဆီကြိတ်ရာတွင် ပထမဦးစွာ ထွက်ရှိ သော ဆီအကြည်များကို နှမ်းဦးဆီဟုခေါ်ပြီး နှမ်းဦးဆီ ထွက်ပြီးသား နှမ်းဖတ်များကို ထပ်မံ၍ ဆီကြိတ်လျှင် နှမ်းဆီ(ရိုးရိုး)ကို ရရှိသည်။ နှမ်းဦးဆီမှာ ဟင်းများကြော်ရာတွင် အမြှုပ်မထဘဲ ရိုးရိုးနှမ်းဆီမှာ ဟင်းများကြော်ရာတွင် အမြှုပ်ထတတ်သည်။ ထို့ကြောင့် နှမ်းဦးဆီ ဈေးနှုန်းများမှာ နှမ်းဆီ(ရိုရိုး)ဈေးနှုန်းထက်စာလျှင် အနည်းငယ်မြင့် သည်။
သြဂုတ်လ ပထမပတ်တွင် ပြည် ခရိုင် ပြည်မြို့တွင် ဖြစ်ပေါ်ခဲ့ သော နှမ်းဆီဈေးများမှာ နှမ်းဦးဆီ တစ်ပိဿာလျှင် ကျပ် ၁၇၅၀ဝ၊ ရိုးရိုးနှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဖြင့် ဈေးကွက်များနှင့် ဆီဆိုင်များတွင် ရောင်းချလျက်ရှိ သည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော နှမ်းဆီ ပျမ်းမျှဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
ရေတွက်ပုံ-ပိဿာ
စဉ် ခုနှစ် အနိမ့်(ကျပ်) အမြင့်(ကျပ်)
၁။ ၂၀၂၀ ၆၅၀ဝ ၈၁၀ဝ
၂။ ၂၀၂၁ ၆၅၀ဝ ၇၅၀ဝ
၃။ ၂၀၂၂ ၇၀ဝ၀ ၁၂၀ဝ၀
၄။ ၂၀၂၃ ၁၂၀ဝ၀ ၁၃၀ဝ၀
၅။ ၂၀၂၄ ၁၉၅၀ဝ ၂၀ဝ၀ဝ
သြဂုတ်လ
နှမ်းဆီဈေးမှာ ယခုလက်ရှိကာလတွင် ဈေးမြင့်လျက်ရှိပြီး နှမ်း သီးနှံများ မပေါ်ခင်အချိန်နှင့် ဝယ်လိုအားလည်း များလာသည့် အတွက် ဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။ ပြည်မြို့ရှိ ဆီဈေးကွက်တွင် နှမ်းဆီဈေးမှာ အခြားဆီများထက် ဈေးပိုမြင့်နေ ကြောင်း သိရသည်။
ဝေဝေမင်း (ပြည်)