Main menu

Background

သန်လျင်မြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Mon, 10/07/2024 - 12:02 -- journal_editor

သန်လျင်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစား အလိုက် အောက်တိုဘာလ ပထမပတ်တွင် ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀ ထိ၊ ဧရာဝတီ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၃၀ဝ-၅၅၀ဝ၊ ငစိန်အုပ်စု ပုသိမ်ရာကျော် တစ်ပြည်လျှင် ကျပ် ၃၀ဝ၀-၃၂၀ဝ၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင် ကျပ် ၇၀၅၀၊ ယခုတစ်ပတ်တွင် ကျပ် ၆၉၂၀ ဖြင့် ဈေးနှုန်း  အနည်းကျဆင်းလျက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် လည်းကောင်း၊ ကြက် သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ-၃၃၀ဝ၊ ကြက်သွန် ဖြူ(ကြက်ကုတ်) တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ၀ ၊ ရိုးရိုးဆားတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀၊ ငရုတ်တောင့်(အပု) တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၅၀ နှင့် ဘဲဥတစ်လုံး လျှင်  ကျပ် ၅၀ဝ-၅၅၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
အလားတူဗမာကြက် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ ဃဏ ကြက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀  ဝက်သားတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ အမဲသားတစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ဆိတ်သား   တစ် ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်ကျပ် ၇၀ဝ၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ စသည်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း ဆန်ချောဈေးနှုန်းများ၊ အသားငါး ဈေးနှုန်းများနှင့် စားသောက်ကုန်ပစ္စည်း(ကုန်ခြောက်) ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး  စားအုန်း ဆီဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။                            
   

  ငြိမ်းငြိမ်းဝင်း