Main menu

Background

ပြည်ခရိုင်အတွင်းမှ အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ

Mon, 10/07/2024 - 13:13 -- journal_editor

ပြည်ခရိုင်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ် တွင် ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ဆန်ဆိုင်နှင့် ဆန်ပွဲရုံများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။ ဆီဈေး နှုန်းအနေဖြင့် ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ နှင့် စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးရှိသည်။ 
ကြက်သွန်ဖြူမှာ အရွယ်အစားနှင့်အလုံးပေါ်မူတည်၍ ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ၀-၁၂၀ဝ၀-၁၃၀ဝ၀ ၊ ကြူ ကုတ် တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀-၁၄၀ဝ၀-၁၉၀ဝ၀ ၊ ဥတစ်လုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀-၁၆၀ဝ၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၄၅၀ဝ-၅၅၀ဝ-၆၅၀ဝ ဈေးရှိ သည်။ ချင်းတစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၆၀ဝ၀ ထိဈေးရှိ ကြောင်း သိရသည်။ 
ကြက်သွန်နီမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့  မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ၊ ပခုက္ကူနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း  စသည့် နယ် ဘက်မှ တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် တစ်သောင်းကျော် အဝင်ရှိနေပြီး ဝင်ရောက်မှု၏ ထက်ဝက်ကျော်ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိနေသည်။ အရောင်းအဝယ်အားဖြင့် ဒေသ တွင်း လက်လီသမားများ၊ အိတ်ဆွဲ ဝယ်ရောင်းသမားများ အပြင် သာယာဝတီခရိုင်နှင့် ဧရာဝတီ (ကြံခင်း၊ မြန်အောင်)၊ ပန်းတောင်း (ဥသျှစ်ပင်) သို့ နယ်ကျော်စီးဆင်းမှုများ ရှိသည်။ 
ကြက်သွန်နီ ဈေးနှုန်းမှာ သြဂုတ်လလယ်မှစ၍ ဈေးငြိမ် လျက်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ (ကြီး/လတ်/သေး) တစ်ပိဿာ ဈေးနှုန်းမှာ ပွဲရုံလက်ကား ကျပ် ၂၂၀ဝ မှ ၂၅၀ဝ ရှိပြီး   လက်လီမြို့ပေါ်ဈေးများတွင် ဟိုတယ်စ ကျပ် ၃၂၀ဝ၊ (ကြီး၊ လတ်၊ သေး) ကျပ် ၂၆၀ဝ မှ ၃၀ဝ၀ အထိ အသီးသီး ရောင်းဝယ်လျက်ရှိသည်။ ၂၀၂၄ ဇန်န ဝါရီလမှစ၍ စက်တင်ဘာလအထိ လက်ကား/လက်လီ ဈေး နှုန်းများမှာ တဖြည်းဖြည်း ကျဆင်းလာကြောင်း သိရသည်။ 

ဆုမွန်ဆွေ၊ ဝင်းလဲ့ဝါ(ပြည်)