မြေပဲ
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ် သည့် တပေါင်းအုပ်စု ကူရှည်၊ ရွာမအုပ်စု ကိုးတောင့်အုပ်စုအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ မြေပဲ သီးနှံ များ စတင်ထွက်ပေါ်လျက်ရှိပြီး မြေပဲတောင့် ှ၁ တစ်တင်းလျှင် ငွေကျပ် ၃၆၀ဝ၀-၃၄၄၀ဝ-၂၀ဝ၀ဝ၊ မြေပဲလုံးဆန်တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀-၇၀ဝ၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀ဝ၀ ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ရှစ်သိန်းခန့် ကုန်ကျပြီး အထွက်တင်းအနေဖြင့် ပျမ်းမျှ တင်း ၅၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ တောင်သူအများစုသည် ဆီ ထွက်သီးနှံများကို ကြိတ်ခွဲ၍ မြို့ပေါ်ရှိ ဆီစက် များ၊ ဆားလှော်လုပ်ငန်းရှင်များ၊ ဒေသခံစားသုံး သူများနှင့် ချောက်မြို့ အေဝမ်းပွဲရုံသို့လည်း ရောင်းချလျက်ရှိကြောင်း၊ စိုက်တောင်သူများ အနေဖြင့် ယခုနှစ် မြေပဲအထွက်ကောင်းပြီး ငွေကျပ် ၁၀ သိန်းခန့် အကျိုးအမြတ် ရရှိကြောင်း ဆိပ်ဖြူမြို့နယ်၊ ကူရှည် အလယ်စုကျေးရွာ အတွင်းရှိ စိုက်တောင်သူတစ်ဦးထံမှ သိရှိရ သည်။
စားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစား သုံးမှုမြင့်မားလျက်ရှိသော စားတော်ပဲများ စက် တင်ဘာလ ဒုတိယပတ်မှစ၍ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခု အချိန်တွင် သီးနှံအသစ်ပေါ်ချိန် မရောက်ရှိသေး ၍ ကျွန်းစားတော်ပဲ(အဟောင်း)များကိုသာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ စိုက်ပျိုး ရာသီရောက်ချိန်နီး၍ စိုက်တောင်သူများမှလည်း မျိုးအဖြစ် ပြန်လည်ဝယ်ယူမှု များကြောင်း သိရှိရ သည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှု များသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသများနှင့် ရေနံချောင်းမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ ဝင် ရောက်ကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်း စား သုံးသူများသို့ တစ်ဆင့်ပြန်လည်ရောင်းချ ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် စက်တင်ဘာ ဒုတိယ ပတ်တွင် ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ အောက်တိုဘာလ စတုတ္ထပတ်တွင် စား တော်ပဲတစ်တင်းလျှင် ကျပ် ၁၄၅၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်လတွင်း စားတော်ပဲ တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ ခန့်ဈေးတက်ပြီး အရောင်း အဝယ် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း၌ စားတော်ပဲ လက်ကျန်နည်း၍ တစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၅ အိတ်မှ ၂၀ ထိ အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။
နွေနှမ်း
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နွေနှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့ နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၄၀ဝ ဝင်ရောက်၍ တစ်ပတ် အတွင်း အိတ်၂၀ဝ၀ ခန့် ဝင်ရောက်ကြောင်း၊ ယခုရာသီတွင် မိုးရွာသွန်းမှုများ၍ သီးနှံအရည် အသွေးအနည်းငယ်ညံ့၍ ဈေးကျဆင်းကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုးမှာ အများဆုံး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် အောက်တိုဘာစတုတ္ထ ပတ်တွင် နှမ်းအရည်အသွေးလိုက်၍ နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ် ၂၂၀ဝ၀ဝ-၁၉၅၀ဝ၀ -၁၈၀ဝ၀ဝ ဈေးနှုန်းဖြင့်လည်းကောင်း၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀-၁၂၀ဝ၀ဝ-၁၁၂၀ဝ၀ ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေး ကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယော နယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု ဒေသထွက် နှမ်းများ အများဆုံး ဝင်ရောက် ကြောင်း၊ ဈေးကွက်သို့ ရောက်ရှိသည့် နှမ်းများ ကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ် ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိ ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက် သီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရသည်။
မိုးနှမ်း
ဆိပ်ဖြူမြို့နယ် ဆီထွက်သီးနှံနှမ်းစိုက်ခင်း များ အဓိက အများဆုံးစိုက်ပျိုးသော အောက် ဆိပ်နှင့် မြင်ကဝအုပ်စုများတွင် (မိုး)နှမ်းစိုက် ဧက ၇၀ဝ ခန့်စိုက်ပျိုးကြောင်း၊ ဂျပန်နှမ်းဖြူ (ပတ်လည်)သီးမျိုးနှင့် နှမ်းနက်(စမုန်)ကို စိုက် ပျိုးကြောင်း၊ ဂျပန်နှမ်းဖြူမျိုးကို မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့မှ တစ်ပြည်လျှင် ကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ နှမ်းနက်(စမုန်)ကို မိမိစိုက်ခင်းထွက်မျိုးကိုသာ တောင်သူအများ စိုက်ပျိုးကြောင်း၊ (မိုး)နှမ်းကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ယာမြေ များတွင် စိုက်ပျိုးခြင်းဖြစ်၍ ၇၅ ရက်သားခန့်တွင် သီးနှံရိတ်သိမ်းရ၍ နိုဝင်ဘာလတွင် ရိတ်သိမ်း ကြောင်း၊ စိုက်ပျိုးချိန် မိုးရွာသွန်းမှုမရှိပါက မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် ကျပ်ခြောက်သိန်းခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ချောင်းဆွဲပြီး နွား ရှဉ်းနောက်ဖြူးချစနစ်ဖြင့် စနစ်တကျစိုက်ပျိုး ခြင်းဖြစ်၍ သီးနှံအထွက်နှုန်း ကောင်းမွန် ကြောင်း သိရှိရသည်။
အောက်တိုဘာလ စတုတ္ထပတ် ဈေးကွက် တွင် ဂျပန်နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၁၃၅၀ဝ၀-၁၃၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသ တွင်း ထွက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက် လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များမှ ဝယ်ယူခြင်းအပြင် ချောက်မြို့ အေဝမ်းပွဲရုံနှင့် ဆင်ဖြူကျွန်း၊ စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့လည်း ရောင်းချလျက်ရှိကြောင်း၊ (မိုး)နှမ်းသီးနှံသည် ယာမြေများတွင် စိုက်ပျိုးရ၍ သက်တမ်းတိုမျိုး ဖြစ်၍ ကုန်ကျစရိတ် သင့်တင့်မျှတစွာရှိပြီး တောင်သူများအနေဖြင့် အများဆုံးစိုက်ပျိုးသင့် သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)