Main menu

Background

ပခုက္ကူခရိုင်ဒေသထွက် ကြက်သွန်နီများ ဈေးကောင်းရနေ

Mon, 11/04/2024 - 16:13 -- journal_editor

ပခုက္ကူခရိုင်  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မ၊ ရေပြာနယ်များတွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများနှင့် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ ယခုအချိန်တွင် ဆောင်းစိုက် (ပင်စိုက်) ကြက် သွန်နီမှာ လက်ကျန် နည်းနေပြီး မိုးစိုက်(ဥစိုက်)များ စတင်စိုက်ပျိုး လျက်ရှိသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ် သာမက အခြားမြို့နယ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှိ   ပုလဲ၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သာနယ်ထွက် ကြက်သွန်နီများလည်း  ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ 
ပခုက္ကူကုန်စည်ဒိုင် ကြက်သွန်နီ လက်ကားဈေးမှာ အောက် တိုဘာစတုတ္ထပတ်တွင် ထိပ်စတစ်ပိဿာလျှင် ကျပ် ၃၃၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်၂၈၀ဝ၊ အနိမ့်စ ကျပ် ၂၀ဝ၀ ဖြစ်ခဲ့ပြီး  အောက် တိုဘာ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ် ပိဿာလျှင် ကျပ် ၇၀ဝ ခန့် ဈေးတက်ကြောင်း သိရသည်။ 
ထို့ပြင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းနှင့် ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသ ထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။ အောက်တိုဘာလအတွင်းတွင် တစ်ရက်လျှင် ကုန်ချိန် ပိဿာ ငါးသောင်းမှ ခုနစ်သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ ၁၇ သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရသည်။
ဈေးနှုန်းအနေဖြင့် အောက်တိုဘာပထမပတ်တွင် ကြက်သွန်နီ တောဈေးဂျွန်  တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၈၀ဝ-၁၄၀ဝ၊ အောက်တိုဘာ ဒုတိယပတ်တွင်တစ်ပိဿာလျှင် ကျပ် ၁၈၅၀-၁၄၀ဝ၊ အောက်တိုဘာ တတိယပတ်တွင် ကျပ် ၂၆၀ဝ-၁၈၀ဝ၊ အောက်တိုဘာ စတုတ္ထပတ်တွင် ဈေးဆက်လက်မြင့်တက်ပြီး ကြက်သွန်နီ တစ်ပိဿာ လျှင် အမြင့်ဈေး ကျပ် ၃၅၀ဝ-၂၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သည်။ အောက်တိုဘာလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၇၀ဝ ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒေသတွင်း ကြက်သွန်နီအဟောင်း ရာသီကုန်ဆုံးချိန်ဖြစ်၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့်   အောက်တိုဘာလအတွင်း ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ ရှစ်သိန်း ကားအစီးရေ ၈၀ စီး၊ ပြည်၊ ပုသိမ်မြို့သို့ ကြက်သွန်နီ ပိဿာချိန်တစ်သိန်း ကား အစီးရေ ၁၂ စီး၊ မြဝတီမြို့သို့ ပိဿာချိန် ခုနစ်သိန်း ကားအစီးရေ ၄၅ စီး၊ မော်လမြိုင်မြို့သို့ ကြက်သွန်နီ ပိဿာချိန်တစ်သိန်း ကားအစီး ရေ ၁၀ စီး၊ စုစုပေါင်း ကြက်သွန်နီပိဿာချိန်  ၁၇ သိန်းခန့် အိတ်ရေ ခြောက်သောင်း၊ တန်ချိန်အားဖြင့် ၂၇၇၆ တန်ခန့် ကုန်စည် စီးဆင်း ခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့  ကုန်ချိန်အများဆုံး တင်ပို့ ကြောင်း သိရသည်။ 

လှိုင်ဥမ္မာဦး (ပခုက္ကူ)