Main menu

Background

ကန့်ဘလူခရိုင်၏ ဒေသထွက်သီးနှံ ဈေးနှုန်း၊ ဈေးကွက်

Tue, 12/03/2024 - 11:33 -- journal_editor

နှမ်း 
ယခုအခါ   နှမ်းများဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော နှမ်းဈေးနှုန်းများမှာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၁၀ဝ၀ဝ၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀ဝ ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော နှမ်းများ ကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
နေကြာ
မိုးနေကြာသီးနှံကို ဇွန်လတွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလ တွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မြေအနေအထားနှင့် အပင်ပြုစု ခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် နိုဝင်ဘာလနောက်ဆုံးပတ်တွင်  နေကြာတစ်တင်းလျှင် ငွေ ကျပ် ၆၁၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက် အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့၊ ဇီးကုန်းမြို့ပေါ်ရှိ ပွဲရုံများ သို့   ရောင်းချကြပြီး  ပွဲရုံများမှ  ရွှေဘိုမြို့၊  မန္တလေးမြို့များရှိ ပွဲရုံများ နှင့် ကုန်စည်ဒိုင်များသို့   တင်ပို့ရောင်းချကြောင်း၊   ယခုတစ်ပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံ  ဈေးနှုန်းများသည် ယခင်တစ်ပတ်  ဈေးနှုန်းနှင့်  နှိုင်းယှဉ်ပါက ငွေကျပ် ၉၀ဝ၀ ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင် ဘာလဆန်းမှစ၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဃ.ဏ.၈၀၈ နှင့် ဃ.ဏ.၈၈၈ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ နိုဝင် ဘာလနောက်ဆုံးပတ်တွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ငွေကျပ် ၂၀၅၀ဝ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်း ဈေးနှုန်းများသည် ယခင်တစ်ပတ်ထက် တစ်တင်းလျှင် ငွေကျပ် ၂၀ဝ၀ မြင့်တက်လာကြောင်း သိရသည်။

 

 ဝင်းသန်း (ကျွန်းလှ)