Main menu

Background

မြန်မာ့လယ်ယာထွက်ကုန်ပဲမျိုးစုံသီးနှံများနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေချင်

Tue, 12/03/2024 - 15:20 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိက ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လယ်ယာထွက်ကုန်  သီးနှံများသာမက ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေများမှ ထွက်ရှိသည့် သီးနှံ များမှာ   အလွန်များပြားပြီး  တစ်နှစ်ပတ်လုံး ရာသီနှင့်ကိုက်ညီသည့် ဆန်၊ စပါး၊ ပဲပြောင်း၊ ငရုတ်၊ သခွား  အစရှိသည့် သစ်သီးဝလံများပါ နေ့စဉ် စိုက်ပျိုးထွက်ရှိလျက်ရှိသည်။ 
တောင်သူများအဓိက  စိုက်ပျိုးကြသည့် စပါးသာမက ဂျုံ၊ မြေပဲနှင့် ပဲမျိုးစုံများဖြစ်ကြသည့် မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ စား တော်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲယင်း၊ ပဲတီရွှေဝါ၊ စွန်တာနီ၊ စွန်တာပြာ၊ ဗိုလ်ကိတ်ပဲ၊ နှမ်း(နီ/ညို/နက်)၊ နှမ်းဖြူ၊ နှမ်းကျား၊ ပန်းနှမ်း၊ မြေပဲ၊ ပြောင်းဖူး၊ နေကြာများကို နွေ၊ မိုး၊ ဆောင်း ရာသီ အလိုက် မိမိဒေသနှင့် ကိုက်ညီသည့်သီးနှံ များကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ ထိုသို့ စိုက် ပျိုးချိန်တွင်  ရာသီဥတုနှင့် ပိုးမွှားများကြောင့် အရည်သွေး  ကျဆင်းမှုနှင့် ကြုံတွေ့ရသည့် နှစ်များလည်း ရှိကြသည်။  စိုက်ပျိုးပြီးသည့် အချိန်နှင့် ထွက်ရှိသည့် အချိန်အထိ ပဲများသည် ငါးပိနှင့်လောက် ဆိုသကဲ့သို့ ပဲနှင့်ပိုး၊ ပိုးနှင့်ပဲ သည် အမြဲယှဉ်တွဲနေသည့် သဘောရှိသည့် အလျောက် ပဲပိုး‌ဝင်ရောက်ပြီဆိုလျှင် သတ်မှတ် ထားသည့် ဆေးညွှန်းအတိုင်း ပက်ဖျန်းပေးခြင်း၊ ထွက်ရှိသည့် ပဲများကိုလည်း  ခြုံလွှာ ပလတ် စတစ်များဖုံးအုပ်ပြီး မီးခိုးမှိုင်းတိုက်သွင်းပေး ခြင်းများ ပြုလုပ်ကြသည်။ ရာသီဥတုကြောင့်ဖြစ် ပေါ်သည့် မှိုရောဂါဖြစ်ရသည့်သဘောကို ယခင်  နှစ်ပေါင်းများစွာက တောင်သူများနှင့် ကုန်သည် ပွဲစားတချို့ မသိကြ၍   ပျက်စီးတတ်သည်ကို လည်း တွေ့ရသည်။ ပိုးမွှားများကြောင့် အရည် အသွေး   မကျဆင်းစေရေး စိုက်ပျိုးရေးနှင့် သုတေသန  နည်းပညာဌာနမှ လက်ကမ်းစာ စောင်များ၊ သတင်း/ဂျာနယ်များတွင် ဖော်ပြ ခြင်း၊ သင်တန်းများပေးခြင်းတို့ကြောင့် နားလည်  သဘောပေါက်မှုများ ရှိလာကြသည်။ ပဲသီးနှံ များတွင် ကျရောက်သည့် ပိုးများသည် အပင်မှ ကူးစက်ခြင်း၊ လယ်တလင်း မသန့်ရှင်း၍ ပါလာ ခြင်း၊ အိတ်အခွန်အဟောင်းများမှ ပါလာခြင်း၊ သိုလှောင်ကြမ်းပြင်များ သန့်ရှင်းမှုမရှိခြင်း၊ လေ ဝင်လေထွက်မရရှိခြင်းတို့ကြောင့် ဈေးတက်မှ ရောင်းချရန် ရည်ရွယ်သည့် တောင်သူများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ သိုလှောင်ထား သူများသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ရ တတ်သည်။ မန္တလေးမြို့တွင်းသို့ သီတင်းကျွတ် လမှစ၍ ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း အသီးသီးထွက် ရှိရာ ဒေသတို့မှ လာရောက်ရောင်းချကြသည်။ 
ယခင်တစ်ချိန်က စက်မှုလယ်ယာလုပ် ငန်းများ မတိုးတက်ခင်အချိန်ထိ တောင်သူများ သည် ပြည်ပမှဝင်ရောက်သည့် ဓာတ်မြေသြဇာ အမျိုးမျိုးနှင့်    ပိုးသတ်ဆေးအမျိုးမျိုးတို့ကို သုံးစွဲခြင်းထက် မိမိတို့လယ်ယာလုပ်ငန်း လုပ် ကိုင်ရာတွင် အသုံးပြုရန် မွေးမြူထားသည့် နွား များမှ နွားချေးများနှင့် ပုလဲဓာတ်မြေသြဇာကိုသာ တွဲလျက် သုံးစွဲခြင်းကြောင့် ဓာတုဗေဒ ဓာတ်မြေ သြဇာများ သုံးစွဲခြင်းထက်  အထွက်နှုန်းကွာ ခြားသော်လည်း စိုက်ပျိုးမှုစရိတ်မှာ တစ်ဖက် တစ်လမ်းမှ  ဓာတ်မြေသြဇာဖိုး အကုန်အကျ သက်သာပြီး  အသီးအနှံ ထိခိုက်ပျက်စီးမှု နည်း ပါးသည်ကို တွေ့ရှိရသည်။  မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ဂျုံ၊ မြေပဲ၊ ပဲမျိုးစုံ၊ ပြောင်းတို့မှာ ကုန်စည်ဒိုင်ပေါက်ဈေးဖြင့် နေ့စဉ် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး  ဥပုသ်နေ့ တစ်ရက်သာ ဒိုင်ပိတ်သည်။ ပဲစိုက်တောင်သူများ မန္တလေးပွဲ ရုံသို့ လာရောက်ရောင်းချသည်။  ပဲများကို အရည်အသွေးကြည့်ပြီး ကုန်စည်ဒိုင်ပေါက်ဈေး ဖြင့် ရောင်းချရသည်။ ကုန်စည်ဒိုင်မှ ဝယ်ယူရာ တွင် အဖျင်း အမှော်၊ ဖုန်သဲပါဝင်မှု ၁ရာခိုင်နှုန်း၊ ပိုးထိုးပိုးကိုက်ပါဝင်မှု ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ချို့ယွင်းပျက်စီးမှု ၄ရာခိုင်နှုန်း၊ ရောင်ကွဲ အမျိုး အစား ပါဝင်မှု ၃ရာခိုင်နှုန်း၊ အစေ့သေးပါဝင်မှု ၆ ရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ၁၄ ရာခိုင်နှုန်း ပါဝင်မှုများ  နုတ်ယူပြီး  အသားတင် အလေး ချိန်ဖြင့် ဝယ်ယူကြသည်။
ယခုနှစ်တွင် မိုးများခြင်း၊  ရေကြီးခြင်း၊ သဘာဝဘေးအန္တရာယ် အသီးသီးတို့ကြောင့် အသီးအနှံများ  အချို့ဒေသတို့တွင်  စိုက်ပျိုးမှု နှင့်  ထွက်ရှိမှုမှာ  နောက်ကျပြီး သီးနှံများမှာ စိုက်ပျိုးစရိတ်ကြီးခြင်း၊ သယ်ယူစရိတ်ကြီးခြင်း၊ လုပ်သားခများ    ဈေးမြင့်တက်လာခြင်းတို့ ကြောင့် ပြည်တွင်း၌ ဈေးမြင့်တက် ခြင်းသာမက ပြည်ပပို့ကုန်များလည်း   ဈေးတက်လျက်ရှိ ကြောင်း တင်ပို့ရောင်းချသူများထံမှ သိရသည်။
 

 

ခင်မေဝင်း (MDY DOCA)