ဆိပ်ဖြူကြက်သွန်နီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သည် ကြက်သွန်နီသီးနှံကို ဒေသစီးပွား ဖြစ် နှစ်စဉ်မပြတ်ဧက အများဆုံး စိုက် ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန် နီဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီ စိုက်ပျိုးထွက်ရှိသော ကျေးရွာများ အပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသ ထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ အောက်တို ဘာလအတွင်းတွင် တစ်ရက်လျှင် ကုန် ချိန် ပိဿာ သုံးသောင်းမှ လေးသောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာကိုးသိန်း ခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ တောဈေး ဂျွန် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၄၀ဝ၀-၃၇၀ဝ-၃၀ဝ၀-၂၆၀ဝ ဈေး တက်၍ အရောင်းအဝယ်ဖြစ်ပြီး နိုဝင် ဘာ ဒုတိယပတ်တွင် ဈေးအနည်းငယ် ကျဆင်းခဲ့ရာ တစ်ပိဿာလျှင် ကျပ် ၃၇၅၀-၂၅၀ဝ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ နိုဝင်ဘာ တတိယ ပတ်တွင် ဈေးဆက်ကျဆင်းပြီး တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၃၀ဝ၀-၂၂၀ဝ ဖြင့် ဈေးနှုန်းကျဆင်းခဲ့ ကာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ နိုဝင် ဘာလ စတုတ္ထပတ်တွင် ဈေးဆက်လက် ကျဆင်းပြီး ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်၂၈၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။ နိုဝင်ဘာလအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ ခန့် ဈေးကျဆင်းပြီး အရောင်း အဝယ်ဖြစ်ခဲ့သည်။
ကုန်စည် စီးဆင်းမှုအနေဖြင့် နိုဝင်ဘာလအတွင်း ရန်ကုန် ဘုရင့်နောင် ပွဲရုံသို့ ကုန်ချိန်ပိဿာခြောက်သိန်း ကားအစီးရေ အစီး ၆၀၊ ပြည်၊ ပုသိမ် မြို့သို့ ကြက်သွန်နီ ပိဿာချိန်တစ်သိန်း ကားအစီးရေ ၁၂ စီး၊ မြဝတီမြို့သို့ ပိဿာချိန် နှစ်သိန်း ကားအစီးရေ ၁၀ စီး စုစုပေါင်း ကြက်သွန်နီ ပိဿာချိန် ကိုးသိန်းခန့် အိတ်ရေ ပျမ်းမျှ လေး သောင်းခန့် တန်ချိန်အားဖြင့် ၁၄၇၀ တန်ခန့် ကုန်စည်စီးဆင်းခဲ့ပြီး ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ အများဆုံး တင်ပို့ သည်။
ပခုက္ကူကြက်သွန်နီ
ပခုက္ကူမြို့နယ် ကြက်သွန်နီ စိုက် ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်း စိုက်ကြက်သွန် နီများ အရောင်းအဝယ် ဖြစ်လျက်ရှိနေသည်။ ပခုက္ကူမြို့နယ် ကြက်သွန်နီ စိုက်ပျိုးရာ ဒေသများ သာမက အခြားမြို့နယ်များမှလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်နေ ကြောင်း ကြက်သွန်နီ ကုန်သည်များထံ မှ သိရသည်။ နိုဝင်ဘာလ စတုတ္ထပတ် တွင် ကြက်သွန်နီ ဈေးနှုန်းများ အနည်း ငယ်ကျဆင်းနေကြောင်း၊ အရောင်း အဝယ်မှာလည်း အေးလျက်ရှိကြောင်း၊ ကြက်သွန် ကုန်သည်များထံမှ သိရ သည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်ထွက် ကြက်သွန်နီ များသာမက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲနယ်မှ ကြက်သွန်နီများလည်း ဝင် ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိ သည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ကြက်သွန်နီ ဈေးအနည်းငယ် ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယောဒေသထွက် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၂၉၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၊ ပုလဲ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၃၁၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ ဖြစ်ခဲ့၍ နိုဝင်ဘာ ပထမ ပတ်တွင် ယောဒေသထွက် ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်၃၆၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်၃၀ဝ၀၊ ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် ၃၆၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်၃၃၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြစ်ခဲ့၍ တစ်ပိဿာလျှင် ကျပ် ၉၀ဝ ခန့် ဈေးကျဆင်းကြောင်း၊ နေ့စဉ် အရောင်းအဝယ်ဖြစ်မှု ကုန်ချိန် မှာ ပိဿာချိန် သုံးသောင်းမှ ငါးသောင်း အထိ အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့ မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင် နေ့စဉ် တင်ပို့ကြောင်း သိရသည်။
မြင့်မြင့်သန်း၊ လှိုင်ဥမ္မာဦး (ပခုက္ကူ)