Main menu

Background

အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 01/06/2025 - 15:37 -- journal_editor

မန္တလေးတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းကို မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ သပိတ် ကျင်းခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် စိုက်ပျိုးပြီး မြင်းခြံမြို့နယ် တွင် အများဆုံး စိုက်ပျိုးကြသည်။ ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အစေ့ထုတ်ပြောင်း (မိုး+ဆောင်း)စိုက်ပျိုးမှုအနေ ဖြင့် ဧက ၃၉၁၄၀ စိုက်ပျိုးခဲ့ပြီး  တစ်ဧက အထွက်နှုန်း ၅၈ ဒသမ ၃၇ တင်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။ 
ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အစေ့ထုတ်ပြောင်း (မိုး+ဆောင်း)စိုက်ပျိုးရန်  ၃၆၆၂၂ ဧကအပေါ် အစေ့ထုတ် ပြောင်း(မိုး) ၁၈၀၈၆ ဧကစိုက်ပျိုးခဲ့ရာ ၁၃၃၃၁ ဧက ရိတ်သိမ်း ပြီးဖြစ်၍ တစ်ဧကအထွက်နှုန်း ၄၉ ဒသမ ၅၅ တင်း ထွက်ရှိခဲ့ ကြောင်း၊ အစေ့ထုတ်ပြောင်း(ဆောင်း) ၁၈၅၃၆ ဧကမှာ စိုက် ပျိုးဆဲဖြစ်ကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅  ခုနှစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုမှာ ယခင် နှစ်နှင့်နှိုင်းယှဉ်ပါက ၂၅၁၈ ဧက လျော့နည်းစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 
မန္တလေးကုန်စည်ဒိုင်တွင်     ဖြစ်ပေါ်လျက်ရှိသော ပြောင်းဈေးနှုန်းများအနေဖြင့် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ပြောင်းဖူး(ရှမ်း)  တစ်ပိဿာလျှင် ၁၅၉၃-၁၆၁၁ ကျပ်၊ ပြောင်းဖူး(ဃဏ) တစ်ပိဿာလျှင် ၁၅၇၄-၁၆၁၁ ကျပ်၊ ပြောင်း ဖူး (ဗမာ)တစ်ပိဿာလျှင် ၁၅၅၆-၁၅၇၄ ကျပ်ခန့် ဖြစ်ပေါ် ခဲ့သဖြင့်  ပြောင်းဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရ သည်။ 
မန္တလေးတိုင်းဒေသကြီးသို့ ပြင်ဦးလွင်မြို့နယ်မှ အစေ့ ထုတ်ပြောင်းများ  ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ ပထမ ပတ်နှင့် ဒုတိယပတ်အတွင်း တန် ၂၅၀ ခန့်  ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပြောင်းလုပ်ငန်းရှင်များအနေဖြင့် ဖေဖော်ဝါရီလမှ စတင် ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

စန်းမြမြဝင်း