ပခုက္ကူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းဝယ်ရေးဈေးကွက်တွင် သကြားပြောင်းဖူးများလည်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ စားသုံး မှု မြင့်မားသော သကြားပြောင်းဖူးကို နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးကြ သည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ညောင်လှ၊ နန်းတော်ရပ်၊ သံပုရာပင် ကုန်း၊ ဘောလုံးခုံ ကျေးရွာများမှ အဝင်ရှိသကဲ့သို့ အခြားမြို့နယ်များ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပားနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဥ့်၊ အောက်ညဥ့် ကျေးရွာများမှ လည်းဝင်ရောက်သည်။ မိုးအကုန် ဆောင်းအကူး ရာသီတွင် စိုက်ခင်းထွက် သကြားပြောင်းဖူးပေါ်ချိန်ဖြစ်ပြီး ဈေး အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ စတုတ္ထပတ်တွင် သကြား ပြောင်းဖူး အကြီး၊ အသေးနှင့် အဆန် အောင်မြင်မှုအပြင် သီးနှံလတ် ဆတ်မှုပေါ်မူတည်၍ သကြားပြောင်းဖူး တစ်ဖူးလျှင် ငွေကျပ်၇၀ဝ- ၃၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ် ယခုအချိန် တွင် သကြားပြောင်း တစ်ဖူးလျှင် ငွေကျပ် ၄၀ဝ-၂၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုနှစ်တွင် သကြားပြောင်းဖူး တစ်ဖူး လျှင် ကျပ် ၄၀ဝ ခန့် ဈေးမြင့်တက်လာကြောင်းသိရသည်။
ယခုအချိန်တွင် သကြားပြောင်းဖူးဈေးကွက် ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စိမ်းဈေးကွက်သို့ ရောက်ရှိ သည့် သကြားပြောင်းဖူးများကို မြို့ပေါ်ရှိ စားသောက် ဆိုင်များ၊ တွန်း လှည်းဈေးသည်များ၊ အကြော်ဆိုင်များနှင့် စားသုံးသူများမှ ဝယ်ယူ သုံးစွဲလျက်ရှိသောကြောင့် သကြားပြောင်းဖူးမှာ ဈေးကွက်သို့ ဝင် သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် ပဲစင်းငုံ၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲနှင့် အစေ့ထုတ်ပြောင်း ဃဏ သီးနှံများကို အများ အပြား စိုက်ပျိုးလျက်ရှိသည်။ ရေစကြိုမြို့နယ်တွင် မိဖုရား၊ မဲကုန်း၊ ကိုင်း၊ နန်းဦး၊ ရေရှား၊ ကံဦးနှင့် ငတရော်ကျေးရွာများတွင် ယခင်နှစ်က ဧက ၅၀ဝ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၃၀ဝ ခန့် စိုက်ပျိုးကြောင်း သိရသည်။
အများဆုံးစိုက်ပျိုးသည့် ဃဏ မျိုးများမှာ ၇၂၂၊ ၈၀၈နှင့် ၃၃၉ မျိုးစေ့များဖြစ်သည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင် စိုက်ပျိုးကြပြီး တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်း အားစု ထွန်ယက်ခ၊ ရိတ်သိမ်းြွေခလှေ့ခ စုစုပေါင်း ကျပ် ၁၅ သိန်းခန့် ကုန်ကျ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း ဃဏ တစ်ဧက ထွက်ရှိမှုအနေဖြင့် သွင်း အားစုသုံးစွဲမှုအပေါ်မူတည်၍ အထွက်တင်းများ ကွာခြားလျက်ရှိ သည်။ တစ်ဧက အထွက်တင်း ၇၅ မှ ၁၀ဝ ထွက်ရှိကြောင်း ဈေးနှုန်း အနေဖြင့် ရေစကြိုမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဃဏ တစ်တင်းလျှင် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းကျပ် ၂၇၀ဝ၀ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
အစေ့ထုတ်ပြောင်း ဃဏ စိုက် တောင်သူများအနေဖြင့် တစ်ဧက အကျိုးအမြတ် ကျပ် ၁၀ သိန်းခန့် ရရှိကြောင်း၊ ယခုနှစ်တွင် အစေ့ ထုတ်ပြောင်း ဃဏ စိုက် တောင်သူများမှာ အကျိုးအမြတ်များရရှိပြီး အစေ့ထုတ်ပြောင်း ဃဏ စိုက်ပျိုးဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ကြည်ကြည်စိုး၊ မြင့်မြင့်သန်း