Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး၏ ပြည်ပဈေးကွက်ဝင် လယ်ယာထွက်ကုန်ပစ္စည်းများ

Mon, 01/06/2025 - 15:45 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးသည် ပြည်တွင်း၊ ပြည်ပ ဈေး ကွက်ဝင် လယ်ယာထွက်ကုန်ပစ္စည်းမျိုးစုံထွက်ရှိသော ဒေသ ကြီးဖြစ်သည်။ တိုင်းဒေသကြီး၏ အနောက်ဘက်တွင် မြောက် မှ တောင်သို့စီးဆင်းသည့် ချင်းတွင်းမြစ်ရှိပြီး သယ်ယူပို့ဆောင် ရေးနှင့် စိုက်ပျိုးရေးအတွက် အလွန်အရေးပါသော မြစ်တစ် စင်းဖြစ်သည်။ မူးမြစ်သည် တိုင်းဒေသကြီး၏ အလယ်တည့် တည့်မှ  ဖြတ်သန်းစီးဆင်းပြီး ရွှေဘိုပေါ်ဆန်းဆန် ဧရိယာများ ၏ ရေသောက်မြစ်ကြီးလည်းဖြစ်သည်။      စစ်ကိုင်းတိုင်းဒေသကြီးတွင်  စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ဂျုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ် စသည့် သီးနှံများ စီးပွားဖြစ် စိုက်ပျိုးကြပြီး စက်မှု ကုန်ကြမ်း ကြံနှင့်ဝါများစိုက်ပျိုးလျက်ရှိ ကြသည်။ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီထွက်  သီးနှံများ အနက် မြေပဲဆံ၊ နှမ်းနက်၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ မြေထောက်ပဲနှင့် ပြောင်းသီးနှံများကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ကြပြီး မိုးနှင့် ဆောင်းစိုက် မြေပဲများ ကို စိုက်ပျိုးကြရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စုစုပေါင်း ၃၀၉ ဒသမ ၅၉၄ တန်၊ နှမ်းသီးနှံ  ၁၂၄၂ ဒသမ ၃၄၂ တန်၊ ပဲစင်းငုံ ၂၅၄ ဒသမ ၈၁၉၊ ပဲတီစိမ်း ၃၈၂ ဒသမ ၂၂၈ တန်၊  မတ်ပဲ ၁၂၇ ဒသမ ၄၀၉ တန် တင်ပို့နိုင်ခဲ့သည်။
ပဲမျိုးစုံအနေဖြင့် ပဲကြီး ၄၈၈ ဒသမ ၄၁၆ တန်၊ ကုလားပဲ ၁၄၆၅ ဒသမ ၂၄၇ တန်၊ မြေထောက်ပဲ ၇၇ ဒသမ ၂၂၀ တန်နှင့် ပြောင်း ၁၄၅၉ ဒသမ ၉၄၅ တန်အား ရန်ကုန်မြို့ နှင့် မန္တလေးမြို့များသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။     
ကုန်စည် တင် ပို့ရောင်းချမှု မြန်ဆန်သွက်လက်လာသည် နှင့်အမျှ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်း ပိုမိုရရှိလာပြီး လူနေမှုဘဝများ ပိုမိုတိုး တက်လာမည်ဖြစ်သည်။

 

ခမ်လျန်စွမ်း (စီးပွား/ကူးသန်း)