Main menu

Background

တိုင်းဧရာ၏ ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်း

Mon, 01/06/2025 - 15:46 -- journal_editor

အစေ့ထုတ်ပြောင်း သီးနှံသည် ဧရာဝတီတိုင်းဒေသကြီး၏   ပြည်ပ ပို့ကုန်သီးနှံတစ်ခုဖြစ်ပြီး ဟင်္သာတခရိုင် တွင်  ဧက ၁၈၆၇၀၊ မြန်အောင်ခရိုင်တွင် ၁၂၈၂၅ ဧကနှင့်    မအူပင်ခရိုင်တွင် ဧက ၂၀၂၇၀ နှင့် မြောင်းမြခရိုင်တွင် ၁၂၂၆ ဧက စိုက်ပျိုးပြီး  တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့်    စုစုပေါင်း ဧက ၅၃၀ဝ၀ကျော်စိုက်ပျိုးသော သီးနှံလည်း ဖြစ်သည်။
ဧရာဝတီ တိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းကို   မိုးစပါးပြီးချိန်  နှင့် မြစ်ရေကျချိန် အောက်တိုဘာလ ဆန်းတွင် အစောဆုံး သီးထပ်စိုက်ဧက အဖြစ် စိုက်ပျိုးကြသကဲ့သို့ မြေနုကျွန်း များတွင် ပဲမျိုစုံနှင့် ကိုင်းသီးနှံ တစ်ကြိမ် စိုက်ပျိုးပြီးချိန်  နိုဝင်ဘာ နောက်ဆုံး ပတ်တွင်မှ  နောက်ကျ သီးထပ်သီးနှံ အဖြစ်လည်း  ထပ်မံစိုက်ပျိုးကြသည့် အတွက် ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းသီးနှံသည် ဇန်နဝါရီ လကုန် ဖေ‌ဖော်ဝါရီလဆန်းတွင် စတင် ထွက်ရှိလေ့ရှိသည်။
ဧရာဝတီ အစေ့ထုတ်ပြောင်း၏ အထွက်နှုန်းသည် တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀ဝ ခန့်ထွက်ရှိပြီး  အရောင်လှ အရည်အသွေးကောင်းသည့်အတွက် နထစသမအနမ တို့    ကြိုက်နှစ်သက်သော  ပြည်ပပို့ကုန်တစ်ခုလည်း ဖြစ်သည်။ နှစ်စဉ် ပျမ်းမျှ တင်း သိန်း ၅၀ ခန့်ထွက် ရှိပြီး ၇၅  ရာခိုင်နှုန်းခန့်မှာ   ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် ပြည်ပ သို့   တင်ပို့ပြီး ၂၅ ရာခိုင်နှုန်းခန့်မှာ ဒေသတွင်းနှင့်   မွေးမြူရေး အစာစပ် စက်ရုံများတွင် သုံးစွဲကြကြောင်း  သိရ သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းမျိုးအဖြစ် ဃဏ ၈၀၈ယ ၁၁၂၊ ဗျွှဗြ ၆၁၂ယ၆၂၅၊  ွွှ ၇၂၂ယ ၈၂၂ တို့ကိုစိုက်ပျိုးကြပြီး  အစေ့ထုတ်ပြောင်း တစ်ဧက  ကုန်ကျစရိတ်မှာ (မြေပြင်၊ မျိုးစေ့၊ ပေါင်းလိုက်၊ ရေတင်၊ မြေသြဇာ၊ ဆေးကျွေး၊ရိတြွေ်ခ)တို့အတွက်  တစ် ဧကလျှင် ပျမ်းမျှ ၁၅ သိန်းမှ ၁၇ သိန်း ကြား ကုန်ကျနိုင်သည်။   အစေ့ထုတ် ပြောင်း ပေါက်ဈေးမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် စတင်စိုက်ပျိုးချိန် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တစ်တင်း လျှင် ကျပ် ၃၃၅၀ဝ ဈေးပေါက်ပြီး ယခု ၂၀၂၄ ခုနှစ်    ဒီဇင်ဘာလကုန်တွင် လည်း တစ်တင်းလျှင် ၎င်းဈေးနှုန်းတွင် ပင်ရှိသည့်အတွက် တစ်ဧက တင်း ၁၀ဝ နှုန်းဖြင့်တွက်ပါက  တစ်ဧက အကျိုး အမြတ် ပျမ်းမျှ ၁၆ သိန်းနှင့် ၁၇ သိန်း ကြား ရရှိနိုင်သည်။ ပြောင်းစိုက်တောင် သူများမှလည်း အစေ့ထုတ်ပြောင်းပေါ် ချိန် ဇန်နဝါရီကုန် ဖေဖော်ဝါရီဆန်းတွင် လည်း ယခုဈေးနှုန်းအတိုင်း ဆက်လက် ရှိနေစေရေး မျှော်လင့်လျက်ရှိကြသည်။
ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံ  အစေ့ထုတ်ပြောင်းသည် လက်ရှိဈေးနှုန်းအတိုင်း   ဆက်လက် တည်ငြိမ်နေပါက ဧရာဝတီတိုင်းဒေသ ကြီးရှိ  စိုက်ပျိုးသူ တောင်သူများအတွက် အကျိုးရှိစေသော ပြည်ပပို့ကုန်သီးနှံ တစ်ခုဖြစ်စေမည်ဖြစ်သည်။ 

မောင်မောင်မြတ်ခိုင်(ဧရာဝတီ)