မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာများကို စိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံ များကို ဒေသတွင်းကြိတ်ခွဲမှုအပြင် အခြားဒေသ များသို့တင်ပို့ ရောင်းချကြသည်။
မိုးနှမ်း
မိတ္ထီလာခရိုင်တွင် မိုးနှမ်းကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး မိုးနှမ်းစိုက်ဧကမှာ ၃၂၀၇၇၆ ခန့်ရှိပြီး အထွက်စုစုပေါင်း ၉၆၂၄၀၉ တင်းရှိကြောင်း သိရသည်။ မိုးနှမ်းမှာ စက်တင် ဘာလတွင် စတင်ထွက်ပေါ်ပြီး ရာသီချိန်တွင် နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-၁၀၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထွက်ရှိသော နှမ်းများကို ဒေသတွင်း ဆီစက်လုပ်ငန်းများအပြင် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရသည်။
မိုးမြေပဲ
မိုးမြေပဲကို မေလနှင့်ဇွန်လတွင် စိုက်ပျိုး ကြပြီး မိုးမြေပဲ စိုက်ဧကမှာ ၄၇၂၆၉ ခန့်ရှိပြီး အထွက်စုစုပေါင်း ၁၃၃၉၄၄၅ တင်း ရှိကြောင်း သိရသည်။ မိုးမြေပဲမှာ နိုဝင်ဘာလတွင် စတင် ထွက်ပေါ်ပြီး ရာသီချိန်တွင် မြေပဲလုံးဆန် တစ် ပိဿာလျှင် ကျပ် ၈၇၀ဝ၊ မြေပဲဂျွန်ဆန် တစ် ပိဿာလျှင် ကျပ် ၈၃၀ဝ ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
မိုးနေကြာ
မိုးနေကြာကို မေလနှင့်ဇွန်လတွင် စိုက် ပျိုးပြီး စိုက်ဧက ၃၇၄၇ ဧက အထွက်စုစုပေါင်း ၂၆၁၀၈ တင်းရှိသည်။ မိုးနေကြာမှာ စက်တင် ဘာလတွင် ထွက်ပေါ်ပြီး ရိတ်သိမ်းမှု အနည်း ငယ်ကျန်ရှိနေသေးကြောင်း သိရသည်။ ဈေး ကွက်အတွင်း နေကြာ တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ သည်။
ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြေပဲဆီ တစ်ပိဿာလျှင်ကျပ် ၁၅၀ဝ၀-၁၆၀ဝ၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀-၁၆၀ဝ၀၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀၊ ပဲဖတ် တစ်ပိဿာ လျှင် ကျပ် ၆၂၀ဝ၊ နှမ်းဖတ်တစ်ပိဿာ လျှင် ကျပ် ၄၃၀ဝ၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၃၃၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ယခင် နိုဝင်ဘာလ တတိယပတ်နှင့် ကာလတူနှိုင်းယှဉ်လျှင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာ ဆီဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဖတ် တစ်ပိဿာ လျှင် ကျပ် ၄၅၀၊ နှမ်းဖတ်တစ်ပိဿာလျှင် ကျပ် ၅၀ဝ၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်း ဆီကြိတ်ခွဲမှုနည်း၍ ထုတ်လုပ်မှုနည်းပြီး ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်များအား တိရစ္ဆာန်အစာ အဖြစ် ဈေးကွက်ဝယ်လိုအား မြင့်မားလာခြင်း ကြောင့် ဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင်များ ထံမှ သိရသည်။
မြေပဲ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ စိုက်ပျိုးမှုရှိ သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို ၆၃၈၆၀ ဧကစိုက်ပျိုးခဲ့ပြီး ၂၆၉၄၅၅၁ တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲ စိုက်ပျိုးမှုအနေဖြင့် ၁၈၄ ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ ၄၆ တင်းဖြင့် တင်းပေါင်း ၈၄၆၄ တင်း ထွက်ရှိခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် ၅၈၂၇၁ ဧကလျာထားမှုရှိပြီး မိုးရာသီကုန်အထိ ၆၅၈၉၀ ဧကစိုက်ပျိုးပြီး ရိတ်ဧက ၂၈၅၁၁ ဧက ရိတ်သိမ်းပြီး အထွက်တင်း စုစုပေါင်း ၁၂၀၄၂၀၄ တင်းထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ ၃၁၉ ဧကရှိပြီး ယခုစိုက်ပျိုးပြီး စီးမှုမှာ ၁၄၁ ဧကရှိသည်။ ထွက်ရှိသော မြေပဲ များကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက် ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြသည်။
၂၀၂၃ -၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် မြေပဲဆီဆန် တစ်တင်းလျှင် ကျပ် ၁၀ဝ၅၀ဝ၊ မြေပဲလုံးဆန်တစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀၊ မျိုး မြေပဲတစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ တို့ဖြင့် ရောင်းချခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ကာလတူ လတွင် မြေပဲဆီဆန် တစ်တင်းလျှင်ကျပ် ၁၂၄၅၀ဝ၊ မြေပဲလုံးဆန် တစ်တင်းလျှင် ကျပ် ၁၂၇၅၀ဝ၊ မျိုး မြေပဲတစ်တင်းလျှင် ကျပ် ၁၃၅၀ဝ၀ ဝန်း ကျင်များဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိ သည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျောက်ပန်း တောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန် ကျစရိတ်အနေဖြင့် ကျပ် ၉၄၁၀ဝ၀ ဝန်းကျင် ကျသင့်ပြီး တစ်ဧက ပျမ်းမျှအထွက် ၄၂ ဒသမ ၁၉ တင်းနှုန်း ထွက်ရှိခဲ့သည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင် ကျပ် ၃၈၅၀ဝ နှုန်း ရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ ၁၆၂၄၃၁၅ ကျပ် ရရှိ၍ တောင်သူအကျိုးအမြတ်မှာ ၆၈၃၃၁၅ ကျပ်ရရှိကြောင်း သိရသည်။
မြို့ရီ၊ ထားအိဝင်း