Main menu

Background

ပခုက္ကူပဲ၊နှမ်းဈေး

Wed, 02/05/2025 - 10:12 -- journal_editor

စားတော်ပဲ
ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ စက်တင်ဘာလ ဒုတိယပတ်မှစ၍ ဈေး တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇန်နဝါရီလ စတုတ္ထပတ်ထိ ဈေးဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စား တော်ပဲသီးနှံ စိုက်ပျိုးရာသီချိန်ဖြစ်၍ သီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေး၍ ကျွန်းစားတော်ပဲ အဟောင်းများကိုသာ ပွဲရုံဈေးကွက် တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်သို့ ကျွန်း စားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက် ထု၊ လောင်းရှည်ဒေသများနှင့် ဆိပ်ဖြူ၊ ရေနံချောင်းမြို့မှ ထွက်ရှိ သော စားတော်ပဲများ ပွဲရုံများသို့ ဝင်ရောက်ကြောင်း၊ ထိုမှတစ် ဆင့် ဒေသတွင်း စားသုံးသူများသို့  တစ်ဆင့်ပြန်လည်ရောင်းချ ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့်  စက်တင်ဘာတွင်  ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြင့် အောက်တိုဘာလတွင် ကျပ် ၁၄၅၀ဝ၀၊ နိုဝင်ဘာလတွင် ကျပ် ၁၄၆၀ဝ၀၊  ဒီဇင်ဘာလတွင်  ကျပ် ၁၇၀ဝ၀ဝ၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် ကျပ် ၁၇၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းတရိပ်ရိပ်မြင့် တက်လာကြောင်း သိရသည်။
ပဲတီစိမ်းသေး
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူဈေးကွက်သို့ ဆီ ထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် သြဂုတ်လ ပထမပတ်မှစ၍ ပဲ နှောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင်ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း(ခေါ်) ပဲနောက်သီးနှံသည် တစ်နှစ်လျှင် မိုး၊ ဆောင်း နှစ်ရာသီ စိုက်ပျိုးကြသည်။ ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူနှင့် ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် အများဆုံးစိုက်ပျိုးထွက်ရှိသော ပဲနောက် သီးနှံများ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံပေါ်စအချိန် သြဂုတ်လ ပထမပတ်တွင် ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၇၂၅၀ဝ-၇၃၅၀ဝ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ဈေးအတက် အကျမရှိ  ဈေးငြိမ်နေပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ဈေးမြင့် တက်လာခဲ့သည်။ ဇန်နဝါရီ စတုတ္ထပတ်တွင် ဈေးကွက်သို့ သီးနှံ လှိုင်လှိုင်ဝင်ရောက်ပြီး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း  သိရသည်။  သီးနှံပေါ်စနှင့် ယခု အချိန်  ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်တင်းလျှင် ငွေကျပ် ၂၆၅၀ဝ ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေ ဖြင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပြင် ရန်ကုန်၊ မန္တလေးမြို့ များသို့ တင်ပို့လျက်ရှိပြီး  ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပဲတီစိမ်း(ခေါ်)ပဲနောက် သီးနှံ ကို ပို့ကုန်အဖြစ် ပြည်ပနိုင်ငံသို့ တန်ချိန်အများ ဆုံး တင်ပို့လျက်ရှိ ကြောင်း သိရသည်။
ပဲပုပ်
ဇန်နဝါရီလ  တတိယပတ်မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံ (အသစ်)များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေး နှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဇန်နဝါရီ စတုတ္ထပတ်တွင် ပဲပုပ်တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ ဈေးဖြင့် တစ်ပတ်အတွင်း ကျပ် ၂၀ဝ၀ ခန့်  ဈေး ကျဆင်းခဲ့သည်။ ဈေးကွက်သို့ တစ်ရက်လျှင် ပဲပုပ်တစ်တင်းခွဲ အိတ် ၁၀ဝ၀ မှ ၁၅၀ဝ ထိ ဝင်ရောက်ပြီး  တစ်ပတ်အတွင်း အိတ် ရေ ၃၀ဝ၀ ခန့် ဝင်ရောက်ကြောင်း၊ ပဲပုပ်သီးနှံသည် ကျန်းမာရေး နှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ပဲပုပ်ပြား၊ ပဲပုန်း ရည်(အစိမ့်/အချဉ်) အမျိုးမျိုးအပြင် ပဲပိစပ်စားသုံးဆီအဖြစ် လည်း  ကြိတ်ခွဲထုတ်လုပ်ခြင်းအပြင် ပဲပုပ်သီးနှံမှာ အရသာ ကောင်းပြီး စားသုံးမှုများပြားသော သီးနှံတစ်မျိုးဖြစ်၍ ပြည်တွင်း သုံးစွဲမှုများသည့်အပြင် ပြည်ပနိုင်ငံသို့လည်း တင်ပို့လျက်ရှိ၍ ဈေးကွက်သို့   ကုန်ချိန်ဝင်သလောက်   အရောင်းအဝယ်ဖြစ် ကြောင်း၊ ယခု အချိန်တွင် ပခုက္ကူပွဲရုံဈေးကွက်သို့ ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် ပဲပုပ်သီးနှံများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ မည်ဖြစ်ကြောင်း သိရသည်။ 
ကုလားပဲ
ယခုကာလသည် ကုလားပဲစိုက်ပျိုးချိန်ရာသီဖြစ်၍ သီးနှံ အဟောင်းများသာ ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် သီးနှံအသစ်များ ဈေးကွက် သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ 
ဈေးကွက်အနေဖြင့် ဇန်နဝါရီ စတုတ္ထပတ်တွင် ကုလားပဲ (ဠ၂)တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ကုလားပဲ(ူံ)တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀၊ ကုလားပဲ(ဠ၆)တစ်တင်းလျှင် ကျပ် ၉၂၅၀ဝ၊ ကုလားပဲ (၉၂၉) တစ်တင်းလျှင် ကျပ် ၉၅၀ဝ၀ ဖြစ်ပြီး အရောင်း အဝယ်အေး၍ ဈေးငြိမ်နေကြောင်း သိရသည်။ ပခုက္ကူပွဲရုံဈေး ကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန် အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင် များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သော လုပ်ငန်း ရှင်များမှ ဝယ်ယူမှုများကြောင်း၊ ယခုအချိန် ပခုက္ကူပဲဈေးကွက်တွင် ပဲလက်ကျန်နည်းပြီး အဟောင်းများသာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ် ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက် ကြောင်း မြို့ပေါ်ရှိ  ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
မြေပဲ
ယခုအချိန်တွင် ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသ များမှ လေးလပင်ပြန့်မြေပဲများ လှိုင်လှိုင်တူးဖော်ရိတ်သိမ်းချိန် ဖြစ်၍ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများကြောင်း၊ မြေပဲအသစ် များ ဝင်ရောက်သော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေး ကွက်သို့ ဝင်ရောက်လာသည့် မြေပဲဆန်နှင့် မြေပဲအတောင့်များ ဝယ်လို အားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေး ကွက်သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့် အဆန်များကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ် လိုက်ခြင်းအပြင်  ပြည်ပ တရုတ်နိုင်ငံမှလည်း  အဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲတောင့်/အဆန် အရည်အသွေး နှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့် ရှိကြောင်း သိရှိ ရသည်။ ပြည်တွင်းစားသုံးဆီဈေးကွက်တွင် ကျန်းမာရေးနှင့် ညီ ညွတ်သည့် မြေပဲဆီသန့်သုံးစွဲမှုမြင့်မားလျက်ရှိ၍  ဒေသတွင်း ဆုံ/ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆန် ဝယ်လိုအားကောင်းပြီး  ဈေးကွက်ကျဆင်းခြင်းမရှိ  အရောင်း အဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်း တိရစ္ဆာန် အစားအစာအဖြစ် မြန်မာနိုင်ငံအောက်ပိုင်း ငါးမွေးမြူရေးလုပ် ငန်းများမှ ဝယ်ယူမှုအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှ လည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်း အတွက် ဝယ်ယူမှုများ၍ အရောင်းအဝယ်သွက်ကြောင်း  ဈေး ကွက်မှ သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်း များမှာ ယခုဇန်နဝါရီ စတုတ္ထပတ်တွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်၆၃၀ဝ- ၅၈၀ဝ၊ မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ်၉၃၅၀-၉၂၀ဝ-၉၁၀ဝ၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၉၃၀ဝ-၉၁၀ဝ၊ ဆီဆန် တစ်ပိဿာလျှင် ကျပ်၈၉၀ဝ-၈၀ဝ၀၊ မြေပဲဖတ် တစ်ပိဿာလျှင် ၆၂၀ဝ-၆၁၀ဝ ဈေးဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့လျက်ရှိကြောင်း သိရသည်။  
နှမ်းနက်
ဇန်နဝါရီစတုတ္ထပတ်တွင် ယောနယ်ဒေသများနှင့် ပခုက္ကူ၊ မြစ်ခြေအပြင်   မြိုင်မြို့နယ်ဒေသထွက်  နှမ်းသီးနှံများ ကုန်ချိန် အများဆုံး ဈေးကွက်သို့ ဝင်ရောက်ရာ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက်(စမုန်)များ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း၊ တစ် ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၈၀ဝ-၁၀ဝ၀ ခန့် ဝင်ရောက်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ဇန်နဝါရီ စတုတ္ထပတ်တွင် နှမ်းအမျိုး အစားနှင့် အရည်အသွေးလိုက်၍ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၃၃၀ဝ၀-၂၂၈၀ဝ၀-၂၂၀ဝ၀ဝ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၄၀ဝ၀-၁၁၉၀ဝ၀-၁၀၈၀ဝ၀၊   နှမ်းဝါတစ်တင်းလျှင် ကျပ် ၁၀၅၀ဝ၀-၁၀၃၀ဝ၀-၁၀ဝ၀ဝ၀၊ အရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၆၀ဝ၀-၁၂၁၀ဝ၀-၁၁၀ဝ၀ဝ၊  နှမ်းဝါ တစ်တင်းလျှင် ကျပ် ၁၁၁၀ဝ၀-၁၀၉၀ဝ၀-၁၀၆၀ဝ၀  အရောင်း အဝယ်ဖြစ်ခဲ့သည်။ ယခင်ဇန်နဝါရီ  တတိယပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၆၀ဝ၀ ခန့် ဈေးတက်ပြီး ကျန်နှမ်းအမျိုးအစားများမှာ ဈေးငြိမ်၍  အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက် သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်း ရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များက ဝယ်ယူမှု များကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိ ကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပ တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။ 

 

မြင့်မြင့်သန်း (ပခုက္ကူ)