Main menu

Background

ပြည်ခရိုင် ပဲ၊ နှမ်း ဈေးကွက်

Wed, 02/05/2025 - 10:15 -- journal_editor

ဗိုလ်ကိတ်ပဲ
ဗိုလ်ကိတ်ပဲသစ်များ   အထွက်လှိုင်လာသည့်အတွက် ပြည်ဈေးကွက်သို့ တစ်ရက်လျှင် အိတ်၂၀ဝမှ၂၅၀ ကျော် ဝင် ရောက်လာခဲ့သည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးဒေသတွင်း လက်လီသမားများသည် နေ့စဉ် အဝယ်ရှိ နေသလို လက်ကားဝယ်ယူမှုများလည်းရှိသည်။ ဈေးနှုန်း အနေဖြင့် တစ်တင်းလျှင်  ကျပ် ၈၅၀ဝ၀ ဖြင့် ရှိပြီး ပဲသစ်ပေါ်စအချိန်  ဈေးအနည်းငယ် လျော့နည်းသွားခဲ့သည်။ ပဲသစ်ပေါ်စအချိန်က တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ကျော် ရရှိခဲ့သည်။  ယခင်နှစ်က ပဲဈေးမှာ တစ်တင်းလျှင် ကျပ် ၇၂၀ဝ၀ ဖြစ်သည်။ 

ပဲစင်းငုံ
ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသီးနှံသစ်များ နေ့စဉ်အဝင် ရှိပြီး တစ်ရက်လျှင် အိတ် ၃၀ဝ မှ ၄၀ဝ ကျော်ဝင်ရောက်ခဲ့သည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်မှ အဓိကဝယ်ယူမှုရှိပြီး လှောင် ပဲသမားအချို့လည်း  ဝယ်ယူမှုရှိသည်။ ပဲသစ်ဈေးမှာ တစ် တင်းလျှင် ကျပ် ၉၉၅၀ဝ၀ မှ ကျပ် ၉၆၀ဝ၀ အထိ ပဲအရည် အသွေးလိုက်၍  ဈေးကွာခြားမှုရှိခဲ့သည်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က နှစ်ဆန်းပိုင်း တစ်တင်း ကျပ် ၁၀၉၀ဝ၀ မှ ကျပ် ၁၁၀ဝ၀ဝ ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးတွင် ဈေးအနည်း ငယ်လျော့နည်းခဲ့သည်။ 

ကုလားပဲ
ပြည်ဈေးကွက်သို့ အသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်း လက်ကျန်များဖြင့်သာ ရောင်းဝယ်နေခဲ့ကြသည်။ ပဲဟောင်းသီးနှံများအား ဒေသတွင်း ပဲခွဲစက်သမားများနေ့စဉ် အဝယ်ရှိခြင်း ကြောင့် တစ်ရက်လျှင် အိတ် ၂၀ဝ-၃၀ဝ ကျော် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိသည်။ ပဲဈေးနှုန်းမှာ တစ် တင်းလျှင် ကျပ် ၉၅၀ဝ၀ ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနည်းတူ  ဈေးပြိုင်ရရှိခဲ့သည်။ ယခင်နှစ်က ကုလားပဲသီးနှံ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀နှုန်းအထိ ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ ‌ဈေးကွက်ဝင် သီးနှံဖြစ် ကြောင်း သိရသည်။ 
နှမ်း
ပြည်ခရိုင်အနေဖြင့် ယခုအချိန်သည် ဆောင်းနှမ်းများ စိုက်ပျိုးထားပြီး ထွက်ပေါ်တော့မည်ဖြစ်၍ ဝင်ရောက်မှုနည်း သော်လည်း ယခင်မိုးနှမ်းများ လှိုင်လှိုင်ပေါ်ချိန်တွင် လှောင် ထားသောနှမ်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့်  ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ တစ်တင်းလျှင်ကျပ်  ၁၂၀ဝ၀ဝ၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၃၀ဝ၀ နှင့် စမုန်နက်နှမ်း တစ်တင်းလျှင် ကျပ် ၂၁၆၀ဝ၀ ဖြင့် ပစ္စည်းလက်ကျန်ရှားပါးသဖြင့် ယခင်ဈေး အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ နှမ်းဈေးကွက်အနေဖြင့် ခရိုင်အတွင်း ထွက်ရှိသော နှမ်းများကို ဒေသတွင်း စားသုံးဆီ အတွက် ဖူလုံမှသာ အခြားတိုင်းများဖြစ်သော  အောင်လံ၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ ရောင်း ချကြသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းများရှားပါး ချိန်တွင် နေ့စဉ် အရောင်းအဝယ်မဖြစ်ဘဲ နှမ်းအထွက်လှိုင်ချိန် တွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အရောင်း အဝယ်ဖြစ်လျှင်  နှမ်းများလှိုင်ချိန်တွင်  တစ်နေ့လျှင် အိတ် ထောင်ကျော်  အရောင်းအဝယ်ဖြစ်သလို  အဝင်နည်းပြီး အထွက်ပါးသွားချိန်တွင် တစ်ရက်လျှင် အိတ်ရာကျော်ခန့် သာ အရောင်းအဝယ်ဖြစ်သည်။

မြေပဲ
ပြည်ခရိုင်တွင် ဆောင်းသီးနှံမြေပဲများ မကြာမီအချိန် ကာလတွင် ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ ပန်းတောင်း မြို့နယ်ဘက်နှင့် ရွှေတောင်မြို့နယ်ဘက်မှ မြေပဲ ဆန်များ နေ့စဉ် ပိဿာ၂၀ ဝင် အိတ် ၄၀ဝ-၅၀ဝ ခန့်ဝင်ရောက် လျက်ရှိသည်။ ဝင်ရောက်လာသော မြေပဲဆန်များမှ ဆီဆန် နှင့် ရွေးဆန်ကို မြို့တွင်းဆီစက်များကအဝယ်ရှိပြီး လုံးဆန်ကို လုပ်ငန်းရှင်သမားများနှင့် ရန်ကုန်ဝယ်လက်များ ကဝယ်ယူမှု ရှိ၍ အရောင်းအဝယ် နေ့စဉ်ဖြစ်လျက်ရှိသည်။  ဈေးနှုန်းများ အနေဖြင့် မြေပဲဆီဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၈၄၀ဝ နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိ ဿာလျှင် ကျပ် ၈၈၀ဝ၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၈၇၀ဝ ဖြင့် ဇန်နဝါရီနောက်ဆုံးပတ်တွင်   ပြည်မြို့ရှိ ပွဲရုံများ နှင့် ဈေးကွက်များတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဒီဇင်ဘာလနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင် တစ် ပိဿာလျှင် ကျပ် ၅၀ဝ ခန့်ဈေး အနည်းငယ်မြင့်တက်လာသည်။  ဈေးနှုန်းအနည်းငယ်မြင့်တက်လာရခြင်းမှာ ဆောင်းမြေပဲများ ပေါ်ခါနီး၍ ဈေးကွက်တွင် ဝင်ရောက်မှု နည်းသွားသဖြင့် မြင့် တက်လာရခြင်းဖြစ်ကြောင်း သိရသည်။
    

 

ဝေဝေမင်း၊ ခင်ဆွေဝင်း (ပြည်)