ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်အိုးကြီး ဖြစ်သလို မိုးစပါးစိုက်ပျိုးပြီးချိန်တွင် သီးထပ်အဖြစ် ပဲမျိုးစုံ၊ အစေ့ ထုတ်ပြောင်းနှင့် နွေစပါးတိုကို့လည်းစိုက်ပျိုးထုတ်လုပ်သည်။ ပဲမျိုးစုံ စိုက်ဧကသည် စပါးပြီးလျှင် အများဆုံးစိုက်ပျိုးသော သီးနှံလည်းဖြစ် သည်။ ပဲမျိုးစုံသည် နှံစားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး အရေး ပါသည့် အသားဓာတ်များ ပြွေါကယ်ဝကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေး နိုင်သော ပြည်ပပို့ကုန်လည်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ စိုက်ဧက ၁၅ သိန်းကျော်ရှိပြီး ပဲပုပ်စိုက်ဧက ၂၇၄၉၉ ဧက စိုက်ပျိုးသည်။
ပဲပုပ်ကို ပဲပြား၊ ပဲပင်ပေါက်၊ ပဲပုပ်ထောင်း၊ ပဲပုပ်စေ့လှော်၊ ဆီတို့ဟူး၊ ပဲငံပြာရည်၊ ပဲမုန့်တို့ ပြုလုပ်စားသုံးကြပြီး ပြည်ပဈေးကွက် သို့လည်း တင်ပို့ရောင်းချကြသည်။ ပဲပုပ်သီးနှံသည် ကမ္ဘာ့အရေးကြီး သီးနှံ ၁၀ မျိုးတွင်ပါဝင်ပြီး နံပါတ်(၆)အဆင့်ရှိသော သီးနှံလည်း ဖြစ်သည်။ ပဲပုပ်တွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီ ဆီယမ်နှင့် အမျှင်ဓာတ်တို့လည်း ပါဝင်သည်။ ဆီပါရာခိုင်နှုန်းမှာလည်း ၁၈ ရာနှုန်းမှ ၂၂ ရာခိုင်နှုန်းပါရှိသည့်အတွက် ဖျော်ထုတ်သည့် နည်း စဉ် (နထအမခေအငသည နြအ့သိ) ဖြင့် စားသုံးဆီကိုလည်း ထုတ်ယူအသုံးပြု နိုင်သည်။
ပဲပုပ်သီးနှံကို ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ပျိုး ပြီးချိန် အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလဆန်း တွင် စတင်ထွက်ရှိ၍ တစ်ဧကလျှင် ပျမ်းမျှ တင်း ၂၀မှ ၂၅ ခန့် ထွက်ရှိ သည်။ ပဲပုပ်တစ်ဧက ကုန်ကျစရိတ်မှာ ပျမ်းမျှ ခုနစ်သိန်းကျပ်ခန့်ကုန် ကျပြီး တစ်ဧက ပျမ်းမျှထွက်နှုန်း တင်း၂၀ နှင့် ဇန်နဝါရီ ၂၈ ရက် ပဲပုပ်တစ်တင်းဈေး ကျပ် ၁၂၂၅၀ဝ ဖြင့် တွက်ချက်ပါက ကျပ် ၂၄၅၀ဝ၀ဝ ခန့်ရရှိနိုင်ပြီး တစ်ဧက အကျိုးအမြတ် ကျပ် ၁၇၅၀ဝ၀ဝ ခန့် ရရှိသည့်အတွက် ပဲပုပ်စိုက်တောင်သူတို့ တွက်ခြေကိုက်အကျိုး ရှိသော နှစ်လည်းဖြစ်သည်။ ယခင်နှစ် ကာလတူအချိန်တွင် ပဲပုပ် တစ်တင်းဈေးလျှင် ကျပ် ၆၉၀ဝ၀ ခန့်သာရှိသည့်အတွက် ယခုနှစ် ပဲပုပ်စိုက်တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ခန့် အကျိုးအမြတ် ပိုမိုရရှိလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ပဲပုပ်များကို ဒေသ တွင်းစားသုံးမှုအပြင် အစာစပ် စက်ရုံများသို့ တင်ပို့ရောင်းချခြင်း၊ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် ပြည်ပသို့လည်း တင်ပို့ လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးမှ ပဲမျိုးစုံစိုက်ပျိုးသော တောင်သူများအနေဖြင့် လာမည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် တစ်ဧက အကျိုးအမြတ် ပိုမိုရရှိလျက်ရှိသော ပဲပုပ်သီးနှံကို တိုးချဲ့ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။
မောင်မောင်မြတ်ခိုင်