အစေ့ထုတ်ပြောင်း
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်တွင် အစေ့ထုတ် ပြောင်း (CP) သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်း များတွင် ကုန်ကြမ်းတိရစ္ဆာန် အစာအဖြစ်အသုံးပြုပြီး အပင်များ ကို ကျွဲနွားများအစာအဖြစ် အသုံးပြုကြသည်။ ပြည်ပပို့ကုန် အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည် တွင်း ဈေးကွက်ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဧပြီလဆန်းပိုင်းတွင် အစေ့ထုတ်ပြောင်း (CP)ဝင် ရောက်မှုအနေဖြင့် နေ့စဉ်တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၅၀ဝ တစ်ပတ်အတွင်း အိတ်ရေ ၃၀ဝ၀ ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသ တွင်း သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများ၍ ဈေးအေးနေကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဖေဖော်ဝါရီလတွင် ဒေသ ပေါက်ဈေး အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀-၂၆၀ဝ၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မတ်လ (ပထမ)ပတ်တွင် ပြည်ပဝယ်လိုအားကောင်း၍ တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ သို့ ဈေးတက်ပြီး ဧပြီလဆန်းတွင် တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ သို့ ဈေးပြန်လည်ကျဆင်းခဲ့သည်။ အစေ့ထုတ် ပြောင်း (ဃဏ)ကို ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန် အဖြစ် အများဆုံးတင်ပို့ပြီး ထိုင်း၊ တရုတ်နိုင်ငံမှ တိရစ္ဆာန်အစား အစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက်ခိုင်မာမှုရှိ ကြောင်း သိရှိရသည်။
ကုလားပဲ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ မတ်လစတုတ္ထပတ်၌ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ဒေသတွင်းစိုက်ခင်းများမှ ကုလားပဲသီးနှံများ ရိတ်သိမ်းချိန်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲ(အသစ်)များ ဝင် ရောက်ပြီး သီးနှံ(အသစ်) ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ် ကျဆင်းလျက်ရှိသည်။
ကျွန်းစားတော်ပဲ
ယခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစ၍ ယောနယ် ဒေသထွက် ကျွန်းစားတော်ပဲ(အသစ်)များ ပွဲရုံဈေးကွက်တွင် စတင်ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့ မှထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ်ဝင်ရောက် ကြောင်း၊ သီးနှံ(အသစ်) ပေါ်ချိန်ဖြစ်၍ ဈေးအေး၍ အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဧပြီလဆန်းတွင် သီးနှံပေါ်စ ကျွန်း စားတော်ပဲ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဖြစ်ပြီး ယခင်နှစ် သီးနှံပေါ်ချိန်က စားတော်ပဲတစ်တင်း ကျပ် ၁၀ဝ၀ဝ၀ ဖြစ်ခဲ့၍ ယခုနှစ်တွင် ကျပ် ၂၀ဝ၀ဝ ဈေးတက်လာခဲ့သည်။ ပွဲရုံဈေးကွက် သို့ တစ်ရက်လျှင် ကျွန်းစားတော်ပဲ (အသစ်) ပိဿာ ၃၀ ဝင် အိတ် ၁၀ဝ မှ ၂၀ဝ ထိ ဝင်ရောက်ကြောင်း သိရသည်။
မြေပဲ
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်း များမှာ ဧပြီလဆန်းတွင် မြေပဲအတောင့် (အခြောက်) တစ်ပိဿာ လျှင် ကျပ် ၅၀ဝ၀ - ၄၅၀ဝ - ၃၀ဝ၀၊ မြေပဲလုံးဆန်နီ တစ်ပိဿာ လျှင် ကျပ် ၉၂၀ဝ-၉၁၅၀-၉၀ဝ၀၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ လျှင် ကျပ် ၉၁၅၀-၉၀ဝ၀၊ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၈၆၀ဝ-၇၀ဝ၀၊ ဆုံမြေပဲဖတ်တစ်ပိဿာလျှင် ကျပ် ၅၆၀ဝ-၅၅၀ဝ-၅၃၀ဝ၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ-၅၆၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်မတ်(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူမြေပဲ ဈေးကွက်သို့ ဆောင်း မြေပဲ (အသစ်)များ ပခုက္ကူ /မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ယောနယ်(ထီးလင်း၊ ဂန့်ဂေါ) ဒေသ များမှ ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများ ခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ၍ မြေပဲဈေးနှုန်း သိသိသာ သာကျဆင်းခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
နှမ်း
ယခုအချိန်သည် နှမ်းရာသီပေါ်ချိန်မဟုတ်၍ ဈေးကွက် သို့ ကုန်ဝင်ရောက်မှုနည်းပြီး အဟောင်းများသာ အရောင်း အဝယ်ဖြစ်ကြောင်း၊ မြိုင်မြို့နယ်ဒေသထွက် နှမ်းနက် (စမုန်)များ ကုန်ချိန်အများဆုံး ဝင်ရောက်ကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် ၁၀ဝ-၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သ လောက် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။
ဈေးနှုန်းအနေဖြင့် နှမ်းအမျိုးအစား နှင့်အရည်အသွေး လိုက်၍ နှမ်းနက်(စမုန်)တစ်တင်းလျှင် ကျပ် ၂၃၅၀ဝ၀-၂၁၀ဝ၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၄၀ဝ၀-၁၁၉၀ဝ၀၊ နှမ်းဝါတစ် တင်းလျှင် ကျပ် ၁၀၅၀ဝ၀-၁၀၃၀ဝ၀ အရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၂၆၀ဝ၀-၁၂၁၀ဝ၀၊ နှမ်းဝါ တစ် တင်းလျှင် ကျပ် ၁၁၁၀ဝ၀-၁၀၉၀ဝ၀-၁၀၆၀ဝ၀ အရောင်း အဝယ်ဖြစ်ခဲ့ပြီး နှမ်းဈေးငြိမ်နေကြောင်း သိရသည်။
ပဲလွမ်းပြာ
ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မြစ်ခြေ၊ ကမ္မဒေသရှိ ကျွန်း ရွာများနှင့် ထီးလင်း၊ ဂန့်ဂေါမြို့ ယောနယ်ဒေသများမှ ထွက်ရှိ သော ပဲလွမ်းပြာသီးနှံများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀၊ ဧပြီလဆန်းပိုင်းတွင် ကျပ် ၇၂၀ဝ၀ ဈေးဖြင့် ပဲလွမ်းပြာ တစ် တင်းလျှင် ကျပ် ၇၀ဝ၀ ခန့် ဈေးတက်လာခဲ့သည်။ ဈေးကွက်သို့ တစ်ရက်လျှင် ပဲလွမ်းပြာပိဿာ ၃၀ ဝင်အိတ် ၅၀ဝ မှ ၇၀ဝ ထိ ဝင်ရောက်ကြောင်း၊ ပဲလွမ်းပြာသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးမှုအနေဖြင့် မြန်မာ့ရိုးရာမုန့်မျိုးစုံတွင် ထည့် သွင်းအသုံးပြုမှုများ၍ ပြည်တွင်းစားသုံးမှုများသော သီးနှံ တစ်မျိုးဖြစ်ကြောင်း သိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)