Main menu

Background

မွန်ပြည်နယ်၏ ပဲမျိုးစုံနှင့် နှမ်းအသစ် ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 04/07/2025 - 11:00 -- journal_editor

မွန်ပြည်နယ်သည် ယခုနှစ်အတွင်း ပဲအထွက်နှုန်းကောင်းပြီး ဈေးနှုန်းဈေးကွက်ကောင်းများလည်း ရရှိနေသည်။ မော်လမြိုင်ရှိ ကုန်စည်ဒိုင်တွင် နေ့စဉ်အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ 
၂၀၂၄-၂၀၂၅ ခုနှစ်တွင် အထွက်နှုန်းကောင်း၍ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တို့တွင်လည်း ပဲစိုက်ပျိုးမှုကို ပိုမိုတိုးချဲ့လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ပဲနှမ်းစိုက်ပျိုးသူတောင်သူများ၏ ပြောကြားချက်အရ သိရသည်။  
မွန်ပြည်နယ် ပဲနှမ်းစိုက်တောင်သူများအနေဖြင့် ပြည်တွင်းဈေးကွက်၊ ပြည်ပဈေးကွက်ရရှိသည့် ပဲမျိုးစုံကို  စီးပွားဖြစ် စိုက်ပျိုးကြရာ ဒေသနှင့်ပိုမိုကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲလွမ်းဖြူတို့ကို စိုက်ပျိုးပြီး ၎င်းပဲမျိုးစုံ များကို ဒေသအတွင်း စားသုံးဖူလုံမှုအပြင်  ပိုလျှံသည့်ပဲများကို ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားမြို့များသို့လည်းကောင်း၊ ပဲမျိုးစုံကို နိုင်ငံခြား(ပြည်ပ)သို့လည်းကောင်း  တင်ပို့လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဒေသထွက် ပဲမျိုးစုံမှာ  ယခင်နှစ်ထက် ယခုနှစ်တွင် ဈေးနှုန်းပိုမိုရရှိခြင်း၊  စိုက်ပျိုးသူတောင်သူများ အကျိုး အမြတ်ရရှိခြင်း၊  ကုန်သည်များအနေဖြင့် အရောင်း အဝယ်ကောင်းခြင်း၊ ပဲဈေးနှုန်းဈေးကွက် ခိုင်မာမှုရှိခြင်း၊ စားသုံးသူများ လူမျိုးဘာသာမရွေး စားသုံးကြခြင်း၊ စားသုံသူများအတွက်ဈေးကွက်၌ ပြတ်လပ်မှုမရှိ ဝယ်ယူစားသုံးနိုင်ခြင်းတို့ကြောင့် ပဲဈေး ကွက်ခိုင်မာမှုရှိကြောင်း သိရသည်။                                                                                                

ခင်ကြည် (မွန်ပြည်နယ်)