ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက် ဒေသဖြစ်သည့်အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဖူးစားပြောင်းသီးနှံကို ၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးပြီးဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
ဖူးစားပြောင်း စိုက်ပျိုးရာတွင် ထိုင်ဝမ်သကြား ပြောင်း၊ ထောပတ်ပြောင်းနှင့် ရှမ်းပြောင်းမျိုးများကိုသာ အများဆုံး စိုက်ပျိုး ကြသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ် သားခ အပါအဝင် စုစုပေါင်း ကျပ် ၅၀ဝ၀ဝ၀ ကျော် ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် ပြောင်းဖူး ၆၀ဝ၀ ခန့်ထွက်ရှိပြီး ထိုင်ဝမ်သကြားပြောင်းဖူးသည် လူကြိုက်များသောကြောင့် အရောင်း သွက်ပြီး ဈေးကောင်းရကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးအရွယ် အစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိ၍ ယခင်နှစ် ပြောင်းဖူးပေါ် ချိန်တွင် ဖောက်သည်ဈေး လက်ကားဈေးအနေဖြင့် ပြောင်းဖူး တစ်ဖူး လျှင် ကျပ် ၃၀ဝ နှင့် ရောင်းချခဲ့ရပြီး ယခုနှစ် ဖောက်သည်ဈေးအနေဖြင့် ထိုင်ဝမ်သကြားပြောင်းဖူးတစ်ဖူးလျှင် ကျပ် ၅၀ဝ၊ လက်လီဈေးအနေ ဖြင့် တစ်ဖူးလျှင် ကျပ် ၆၀ဝ ဖြင့်ရောင်းချရကြောင်းသိရသည်။
ဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချကြ သည့်အပြင် ပွဲစားများမှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြ သည်။ ကျောက်ဆည်မြို့ပေါ်ရှိ ဈေးများသည် ရန်ကုန်-မန္တလေး ကား လမ်းဘေးများတွင်လည်း လက်လီ ရောင်းချသည်။ အကျိုးအမြတ် အနေဖြင့် အထွက်နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်ပြီး ကျပ် ၂၀-၂၅ သိန်း ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း၊ ယခုနှစ် ပြောင်းဖူးဈေးနှုန်းသည် ယခင်နှစ်ထက် ဈေးပိုမိုကောင်းမွန်သောကြောင့် ဖူးစားပြောင်း သီးနှံ ကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားလိုက်ပါသည်။
စိုးလွင်