Main menu

Background

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှု အခြေအနေ

Mon, 05/05/2025 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ နှမ်း၊ မြေပဲ တို့အား အဓိက စိုက်ပျိုးကြပြီး ဆန်လိုအပ်ချက်ရှိသည့် တိုင်း ဒေသကြီးဖြစ်၍  စပါးအဓိက စိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းရသည်။   
မကွေးတိုင်းဒေသကြီးအတွင်း   ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး  ဧပြီနောက်ဆုံးပတ်တွင်  ဖြစ်ပေါ်နေ သော စပါးဈေးနှုန်းများမှာ ဧည့်မထတစ်တင်းလျှင် ကျပ် ၁၇၀ဝ၀၊ ဆန်ဈေးနှုန်းများမှာ  မကွေးခရိုင်တွင် ပေါ်ဆန်း မွှေး၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၄၅၀ဝ၀၊ ဧရာ ပဒေသာ ကျပ် ၁၃၅၀ဝ၀၊ မနောသုခ ကျပ်  ၉၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၂၀ဝ၀၊ မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၄၅၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၃၃၀ဝ၀၊ မနောသုခ ကျပ် ၉၇၀ဝ၀၊ ရတနာတိုး ကျပ် ၇၅၀ဝ၀၊ သရက်ခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၅၀ဝ၀၊ ဧရာပဒေသာ ကျပ်  ၁၃၀ဝ၀ဝ၊ မနောသုခ ကျပ် ၉၀ဝ၀ဝ၊   အောင်လံခရိုင်တွင်   ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၀၇၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀ ၊ ရတနာတိုး ကျပ် ၈၄၀ဝ၀၊ ချောက်ခရိုင်တွင် ပေါ် ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာပဒေသာ ကျပ် ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၉၂၀ဝ၀ဝ၊  ရတနာတိုး ကျပ် ၇၈၀ဝ၀ ဖြစ် သည်။ 
ပခုက္ကူခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၀ဝ၀ဝ၊ ဧရာ ပဒေသာ ကျပ်  ၁၃၉၀ဝ၀၊ မနောသုခ ကျပ် ၁၀ဝ၀ဝ၀၊ ရတနာ တိုး ကျပ် ၈၀ဝ၀ဝ၊ ဂန့်ဂေါခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၅၉၀ဝ၀၊ ဧရာပဒေသာ ကျပ် ၁၄၅၀ဝ၀၊ မနောသုခ ကျပ် ၁၁၀ဝ၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ သည်။  
မကွေးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ်၃၀ဝ၀၊ ချောက် ခရိုင်တွင် မနောသုခ ကျပ် ၈၀ဝ၀ဈေးနှုန်းကျဆင်းခဲ့ပြီး မင်းဘူးခရိုင်တွင် ပေါ်ဆန်းမွှေး ကျပ် ၁၀ဝ၀ဝ၊ ပခုက္ကူခရိုင် တွင် မနောသုခ ကျပ်၇၀ဝ၀ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ 
၂၀၂၅ခုနှစ် ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ မကွေးတိုင်း ဒေသကြီးသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်စီး ဝင်မှုမှာ စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးမှ ဆန်အိတ် ၄၀၁၂၇၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်အိတ် ၆၅၀၊  ပဲခူးတိုင်းဒေသကြီးမှ ဆန်အိတ် ၁၁၆၀၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ဆန်အိတ် ၃၁၁၆၊ စုစုပေါင်း ဆန်  ၄၅၀၅၃အိတ်၊ တန်ချိန် ၂၂၅၂ ဒသမ ၆၅ တန် စီးဝင်ခဲ့ကြောင်း သိရသည်။ 

 

ရဲမင်းသာ (မကွေး)