Main menu

Background

ဟင်္သာတကုန်စည်ဒိုင်တွင် ဆောင်းသီးနှံအစေ့ထုတ်ပြောင်း ဈေးကွက်ဝင်ရောက်

Mon, 05/05/2025 - 10:27 -- journal_editor

ဟင်္သာတခရိုင်တွင် အစေ့ထုတ် ပြောင်းကို  ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်း မြေများ၊ မြစ်ကမ်းပါးများတွင် စိုက်ပျိုး ကြသည်။  ၂၀၂၄ -၂၀၂၅   ခုနှစ်တွင် ဟင်္သာတခရိုင်၌   အစေ့ထုတ်ပြောင်း စိုက်ဧက ၁၅၃၈၃ ဧက   စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့သည်။
အစေ့ထုတ်ပြောင်းပေါ်ချိန် ဧပြီ လဆန်းသည်    နွေရာသီ ဖြစ်သဖြင့် အခြောက်ခံစက်မလိုဘဲ   တစ်နေပြရုံ ဖြင့် အစိုဓာတ် ၁၅ ရာနှုန်းကို   ရရှိပြီး အရောင်လှ၍ အရည်အသွေး ကောင်း သဖြင့် ဝယ်ယူသူများလည်း ကြိုက်နှစ် သက်ကြသည်။  ယခုနှစ် အစေ့ထုတ် ပြောင်းပေါ်ချိန် ဧပြီလဆန်းတွင် တစ် တင်းလျှင် ဟင်္သာတအထိုင်ဈေး  ကျပ် ၃၃၀ဝ၀ ဈေးပေါက်ပြီး ယခင်နှစ်ကာလ တူဈေးနှုန်းထက်  ကျပ် ၁၃၀ဝ၀ မြင့် တက်၍ ဈေးပိုရလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အစေ့ ထုတ်ပြောင်းတစ်ဧက စိုက်ပျိုးကုန်ကျ စရိတ်မှာ   မျိုးစေ့၊  မြေပြင်၊  ရေတင်၊ ပေါင်းလိုက်၊  သွင်းအားစု၊  ရိတြွေ်ခ အတွက် ကျပ်သိန်း၂၀ ခန့်ရှိပြီး အထွက် နှုန်းမှာ တစ်ဧက တင်း ၁၀ဝ ခန့်ထွက် ရှိ၍ တစ်ဧကအကျိုးအမြတ်မှာ ၁၃သိန်း ဝန်းကျင်ခန့်ရှိသည့်အတွက် တောင်သူ တို့တွက်ခြေကိုက်သော နှစ်လည်းဖြစ် သည်။   သင်္ကြန်ကာလအပြီး ဟင်္သာတ ကုန်စည်ဒိုင်၌ အစေ့ထုတ်ပြောင်း တစ် တင်းလျှင်  ဟင်္သာတအထိုင်ဈေး ကျပ် ၃၂၂၀ဝ အရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး အစေ့ထုတ်ပြောင်း စပေါ်ချိန် ဧပြီ လဆန်း ဈေးနှုန်းထက် ကျပ် ၈၀ဝ ခန့် ကျဆင်းခဲ့သည်။
ဟင်္သာတကုန်စည်ဒိုင်တွင် ဧပြီ လ   သင်္ကြန်ကာလအပြီးတွင်  နေ့စဉ် အစေ့ထုတ်ပြောင်း ပိဿာ ၃၀ ဝင် အိတ် ရေ ၂၅၀ဝ  မှ ၃၀ဝ၀  ကြား  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း     သိရ သည်။    

 

မောင်မောင်မြတ်ခိုင်