မတ်ပဲ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြသည်။ ဆောင်းမတ်ပဲ ၅၀၂၇၁ ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့သည်။ မတ်ပဲသီးနှံသည် ကန့်ဘလူမြို့နယ် မြေထူး ကျေးရွာ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဧပြီလ နောက်ဆုံးပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်း လျှင် ကျပ် ၈၅၀ဝ၀၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ် ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်အတွင်း မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်းမြင့်တက်လာ ကြောင်း သိရသည်။
ကုလားပဲ
ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့်အခြားသော ကျေးရွာများတွင် စိုက်ပျိုး ကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ ၉၂၉ မျိုး၊ ဠ၂ မျိုးနှင့် ဠ၇မျိုးဟူ၍ လေးမျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ်တစ်တင်း လျှင် ကျပ် ၆၇၀ဝ၀၊ ကုလားပဲ(၉၂၉) တစ်တင်းလျှင် ကျပ် ၇၀၅၀ဝ၊ ကုလားပဲ(ဠ၂) တစ်တင်းလျှင်ကျပ် ၇၃၀ဝ၀ နှင့် ကုလားပဲ(ဠ၇)တစ်တင်းလျှင် ကျပ် ၇၉၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း ကုလားပဲဈေးနှုန်း များ ဆက်လက်မြင့်တက်လာကြောင်း သိရသည်။
ပဲတီစိမ်း
ကန့်ဘလူခရိုင်တွင် ဆောင်းပဲတီစိမ်း ၂၂၂၁၄ ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး ပဲတီစိမ်းသီးနှံကို ကန့်ဘလူမြို့နယ် အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြား သော ကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။ ဧပြီလ နောက်ဆုံးပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ ပဲတီစိမ်းထွက်တိုး အလုံးလှ တစ်တင်းလျှင် ကျပ် ၉၄၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း ရိုးရိုး တစ်တင်းလျှင် ကျပ် ၅၀ဝ၀ နှင့် ထွက်တိုးတစ်တင်းလျှင် ကျပ် ၄၀ဝ၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေ ဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေး မြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
ပဲလွမ်းဖြူ
ပဲလွမ်းဖြူသီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်း ကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပဲလွမ်းဖြူသီးနှံသည် စိုက်ပျိုးရ လွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ နောက် ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွမ်းဖြူ တစ်တင်းလျှင် ကျပ် ၇၇၀ဝ၀၊ အကွဲ အနာပါ တစ်တင်းလျှင် ကျပ် ၇၆၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲလွမ်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ပဲဇီးကွက်
ပဲကြားသီးနှံများ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ရွာသစ် ကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသော ကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဧပြီလ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက် တစ်တင်း လျှင် ကျပ် ၇၇၀ဝ၀၊ အကွဲ အနာပါလျှင် ကျပ် ၇၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်းကျဆင်းနေ ကြောင်းသိရသည်။
နှမ်း
ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေး ရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီ ထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံ များကို မန္တလေး မြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အတွင်း နှမ်းနက် (စမုန်)တစ်တင်းလျှင် ကျပ် ၁၉၇၀ဝ၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်း လျှင် ကျပ် ၁၁၆၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသော ကြောင့် ယခင်တစ်ပတ်ဈေးနှုန်းထက် နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ ခန့်၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၄၀ဝ၀ မြင့် တက်လာကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်း ရှင်ထံမှ သိရသည်။
နေကြာ
ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံမှာ မိုးစိုက်နေ ကြာနှင့် ဆောင်းစိုက်နေကြာဟူ၍နှစ်မျိုးရှိပြီး ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေး ကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့် ဇီးကုန်း မြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိ ပွဲရုံများနှင့် ကုန် စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်း ရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ် မူတည်၍ အထွက်နှုန်း ကွာခြားမှုရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် ဧပြီလ နောက်ဆုံးပတ်အတွင်း နေကြာတစ်တင်းလျှင် ကျပ် ၅၈၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိ သောကြောင့် ယခင်တစ်ပတ်ထက် နေကြာတစ်တင်းလျှင် ကျပ် ၅၀ဝ၀ ဈေးနှုန်း ကျဆင်းသွားကြောင်း သိရသည်။
ဝင်းသန်း (ကျွန်းလှ)