Main menu

Background

မကွေးတိုင်းဒေသကြီး ထွက်ကုန်

Mon, 05/05/2025 - 11:52 -- journal_editor

ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော  ပွင့်ဖြူ၊ စလင်း၊ ချောက်၊  ပခုက္ကူဒေသထွက်  ကြက်သွန်နီများလည်း  ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ဧပြီလအတွင်း တစ်ရက်လျှင် ကုန်ချိန် ပိဿာငါးသောင်းမှ ခုနစ်သောင်း၊ တစ်လအတွင်း ကုန်ချိန် ပိဿာ ၁၁ သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရသည်။
ဈေးနှုန်းအနေဖြင့် ဧပြီလပထမပတ်တွင် ကြက်သွန်နီ တစ် ပိဿာလျှင် ကျပ် ၁၃၅၀-၁၀ဝ၀-၈၀ဝ ၊ ဧပြီလဒုတိယပတ်တွင် ကျပ် ၁၄၅၀-၁၂၀ဝ-၈၀ဝ၊ ဧပြီလ စတုတ္ထပတ်တွင် ကျပ်  ၁၆၀ဝ-၁၃၀ဝ-၁၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်၂၅၀ ခန့် ဈေးတက်ပြီး  ဈေးကွက်သို့ ကုန်ချိန် ဝင်ရောက်မှုများခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှ အဝယ်လိုက်၍ ဈေးအနည်းငယ် မြင့်တက်ကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ဧပြီလအတွင်း ကုန်ချိန်ပိဿာ ၁၁ သိန်းခန့်  တန်ချိန်အားဖြင့် ၁၇၉၆ တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်   ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
ပဲစင်းငုံ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူဈေးကွက်၌ ဧပြီလ စတုတ္ထပတ်တွင် ပဲစင်းငုံ သီးနှံများ ဈေးငြိမ် လျက်ရှိ ကြောင်းသိရသည်။  သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ် ၁၂၆၅၀ဝ-၁၂၂၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း ၍ သီးနှံဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ဝင် ရောက်လျက်ရှိပြီး ဧပြီလစတုတ္ထပတ်တွင် တစ်ရက်လျှင် ပဲစင်းငုံနီ ပိဿာ၃၀ဝင် အိတ် ၄၀ဝ-၆၀ဝ ဝင်ရောက် အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။ 
ဈေးနှုန်းအနေဖြင့် ပဲစင်းငုံနီ တစ်တင်းလျှင် အရောင်း အဝယ် ဖြစ်သောဈေးနှုန်းမှာ ယခု ဖေဖော်ဝါရီလတွင် ပဲစင်းငုံနီ တစ်တင်း လျှင် အမြင့်ဈေး ကျပ် ၉၃၀ဝ၀-၉၂၀ဝ၀ ၊ မတ်လတွင် ပဲစင်းငုံ နီ တစ် တင်းလျှင် ကျပ် ၉၄၅၀ဝ-၉၃၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလ  စတုတ္ထပတ်တွင်  တစ်တင်းလျှင် ကျပ် ၉၃၆၀ဝ-၉၂၆၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၁၀ဝ၀ ခန့် ဈေးအတက်အကျဖြစ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု ရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိကုန် သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစင်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစင်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစင်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအား ပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေး ကွက်မှ သိရသည်။
မြေပဲ
ပြည်တွင်း စားသုံးဆီ  ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွတ် သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆုံ/ ဆီစက် များ တွင်ကျယ်စွာထုတ်လုပ်လျက်ရှိ၍ မြေပဲဆန်ဝယ်လိုအား ကောင်း ပြီး ဈေးကွက်သိသိသာသာ ကျဆင်းခြင်းမရှိ အရောင်းအဝယ်သွက် လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်း မွေးမြူရေးအစားအစာ ဈေးကွက်တွင် ပဲဖတ်ဝယ်လို အား ကောင်းခြင်းအပြင် စားသုံးမှုအနေ ဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှရရှိသော မြေပဲဖတ်ကို ကုန် ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ် ရောင်းချရာတွင်လည်း စားသုံးသူဈေးကွက် ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်း ဆီစက်လုပ်ငန်းရှင်များမှလည်း   မြေပဲဆုံ ပဲဖတ်များကို ပြန်လည် ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ပြန်လည်ဝယ်ယူမှုများ၍ ပဲဖတ် ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရ သည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများ မှာ ဧပြီလ  စတုတ္ထပတ်တွင် မြေပဲဈေးကွက် မြင့်တက်ပြီး  မြေပဲ အတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၄၅၀ဝ-၃၀ဝ၀၊ မြေပဲလုံးဆန်နီ တစ်ပိဿာလျှင် ကျပ် ၉၃၅၀-၉၂၀ဝ-၉၀ဝ၀၊ မြေပဲ လုံးဆန်ဖြူ တစ်ပိဿာလျှင် ကျပ် ၉၃၀ဝ-၉၀ဝ၀၊ ဆီဆံတစ်ပိဿာ လျှင် ကျပ် ၈၆၀ဝ-၇၀ဝ၀ ၊ ဆုံမြေပဲဖတ်(အခွေ)တစ်ပိဿာလျှင် ကျပ် ၄၇၅၀-၄၇၀ဝ၊ စက်ပဲဖတ် တစ်ပိဿာလျှင်ကျပ် ၅၀ဝ၀-၄၉၅၀ ဈေး ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 
တစ်လအတွင်း မြေပဲဆန် တစ်ပိဿာ ကျပ် ၁၅၀-၂၀ဝ ခန့် ဈေးမြင့်တက်ပြီး ပဲဖတ်တစ်ပိဿာ ကျပ်  ၂၀ဝ ခန့် ဈေးကျဆင်းခဲ့သည်။ ပခုက္ကူမြေပဲ ဈေးကွက်သို့ ဆောင်း မြေပဲ(အသစ်)များ ပခုက္ကူ/ မြိုင် မြို့နယ်အတွင်းရှိ  ကျေးရွာများနှင့် ယောနယ် (ထီးလင်း၊ ဂန့်ဂေါ) ဒေသများမှ ဝင်ရောက်လျက်ရှိပြီး  ကုန်ဝင်သလောက် အရောင်း အဝယ် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှု များခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ကြောင်း ပွဲရုံဈေးကွက်မှ သိရသည်။

 

မြင့်မြင့်သန်း (ပခုက္ကူ)