Main menu

Background

တောင်ယာစိုက်ပျိုးခြင်းအကျိုးနှင့် သတိပြုရမည့်အချက်

Mon, 06/02/2025 - 12:29 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးစနစ်ဖြစ်သည့်အလျောက်   စိုက်ပျိုးရေးကဏ္ဍအတွက် အလေးဂရုပြုဆောင်ရွက်ရန် လိုအပ်သည်။  စိုက် ပျိုးရေးနည်းစနစ်များအနက်  တောင်ယာစိုက်ပျိုးရေးနည်း စနစ်သည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်နေပြီး အနာ ဂတ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လုပ်ကိုင်သင့်သော စိုက်ပျိုးရေး နည်းစနစ်တစ်မျိုးဖြစ်သည်။
တောင်ယာစိုက်ပျိုးမှုကို များသောအားဖြင့် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်းနှင့် တည်မြဲသော စိုက်ပျိုးရေးဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း ကို မြန်မာနိုင်ငံအထက်ပိုင်း တောင်ပေါ်ဒေသများတွင်အများ ဆုံး စိုက်ပျိုးသည်။ "တောင်သူယာလုပ် ဓားမခုတ်"ဟုဆိုသည့် အတိုင်း တောင်သူလယ်သမားတို့သည် စိုက်ပျိုး‌မည့်မြေနေ ရာကို ဆောင်းတွင်းကာလတွင် ရှာဖွေတတ်ကြပြီး  စိုက်ပျိုးရန် သင့်လျော်သော မြေနေရာ၌ ပေါက်ရောက်နေသော ချုံနွယ် ပိတ်ပေါင်းများအား  ခုတ်ထွင်ရှင်းလင်း၍ တောင်ယာကွက် သစ်ဖော်နိုင်ရန်အတွက် မတ်လနှောင်းပိုင်း နောက်ဆုံးထား၍ စိုက်ပျိုးမြေ   ရရှိရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်းများကို လုပ်ဆောင်ကြသည်။  ပြီးနောက်  ကျန်ရှိနေသော အပင် ခြောက်များအား မီးရှို့ခြင်း၊ ရှင်းလင်းခြင်းများပြုလုပ်ပြီး မိုးဦး ကျအချိန်တွင် စတင်စိုက်ပျိုးကြသည်။
    တောင်ယာစိုက်ပျိုးရေးကို လှေကားထစ်စိုက်ပျိုး ခြင်းနှင့်သော်လည်းကောင်း၊ စူးထိုးမျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် သော်လည်းကောင်း၊ ကြဲပက်စိုက်ပျိုးခြင်းဖြင့်သော်  လည်း ကောင်း စိုက်ပျိုးကြသည်။ တောင်ယာစိုက်ပျိုးရေးတွင် သီးနှံ အများအပြား  စိုက်ပျိုးကြပြီး  များသောအားဖြင့် ယာစပါး၊  ပြောင်း၊ နှံစားပြောင်း၊ နှမ်း၊ လူးဆပ်နှင့် ဟင်းသီးဟင်းရွက်များ ကို စိုက်ပျိုးကြသည်။ အများအား ဖြင့် သီးနှံများကို သုံးမျိုးမှ ငါးမျိုးအထိ အတူတကွ စိုက်ပျိုးကြလေ့ရှိသည်။
တောင်ယာစိုက်ပျိုးရာတွင် စိုက်ပျိုးမြေများအား မီးရှို့ ထားသောကြောင့် မြေကြီးများသည် မွနေသဖြင့် စိုက်ပျိုးရာ တွင်  လွယ်ကူစေပြီး  ပေါင်းပင်များလည်း  ကင်းဝေးစေသည်။ ထို့ကြောင့် စတင်စိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများအတွက် စရိတ်စက သက်သာစေသည်။ သီးနှံအမျိုး အစား သုံးမျိုးမှ ငါးမျိုးအထိ စိုက်ပျိုးသည့်အတွက် ရာသီဥတု အခြေအနေအရ  သီးနှံတစ်မျိုးထက်ပို၍  ဖြစ်ထွန်းကြလေ့ ရှိသည်။
"တောင်ယာစိုက်ပျိုးဝင်ငွေတိုး" ဟုဆိုသကဲ့သို့ တောင်ယာ စိုက်ပျိုးခြင်းသည် ကောင်းကျိုးများရှိ သော်လည်း ဆိုးကျိုးများ လည်း  ရှိနေသေးသည်ကို သတိပြုရပေမည်။ အဓိကအားဖြင့် စိုက်ပျိုးပြီးသည့် မြေများသည် များသောအားဖြင် သုံးနှစ်ကျော် လေးနှစ် နောက်ပိုင်းတွင် မြေဆီလွှာများ ပျက်စီးသွားလေ့ရှိ သည်။ ထိုပျက်စီးသွားသော မြေနေရာများတွင် နှစ်ရှည်သီးနှံ ပင်များ၊ အခြားသစ်မာပင်များနှင့် ပေါက်‌ရောက်လွယ်သော အပင်များအား ပြန်လည်စိုက်ပျိုးပေးရန်လိုအပ်သည်။ သို့မှ သာလျှင် တောင်ပြိုခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ ရာသီဥတု မမှန်ကန်ခြင်း စသည့် ဂေဟစနစ်ပျက်စီးခြင်းမှ ပြန်လည် ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် တောင်ပေါ်ဒေသနေပြည်သူများ၏ မိရိုးဖလာ စိုက်ပျိုးမှု နည်းလမ်းများအား ခေတ်စနစ်နှင့် လျော်ညီသော စိုက်ပျိုးရေး နည်းစနစ်များဖြင့် အစားထိုး၍ စိုက်ပျိုးခြင်းဖြင့် ရေ ၊ မြေ ၊ လေ ဂေဟစနစ်ကိုအတန်အသင့် ပြုပြင် ထိန်းသိမ်း နိုင်မည်ဖြစ်သည်။ တောင်ယာစိုက်ပျိုးရေးသည် တောင်သူ လယ်သမားတို့၏  စားဝတ်နေရေးအတွက်သာမက  နိုင်ငံ တော်၏ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း အထောက်အကူ ပြုနေသည့်အတွက် နည်းစနစ်များနှင့်အညီ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရေးသားလိုက်ရ ပါသည်။ 

စားသုံးသူရေးရာဦးစီးဌာန၊ 
တိုင်းဒေသကြီးဦးစီးမှူးရုံး။