Main menu

Background

မန္တလေးတိုင်းဒေသကြီး၏ လယ်ယာထွက်ကုန်

Mon, 06/02/2025 - 12:46 -- journal_editor

နေကြာ
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် နေကြာဆီထွက်သီးနှံကို  ပန်းရွာ၊ ဆေးခင်း၊ စီထိန်း၊ တမာပင်၊ ရှောက် ပင်ရိုး၊ ဘုံသာ၊ ဘုရားထူး၊ ထမင်းဆိုင်ကျေးရွာနှင့် ရွာသစ် ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြသည်။ စိုက်ပျိုးသော မျိုးများ မှာ ဆင်းရွှေကြာ-၂၊ ရေဆင်း-၁ မျိုးနှင့် ဒေသမျိုးများကို အဓိက စိုက်ပျိုးကြသည်။  ဇူလိုင်လနှင့် သြဂုတ်လတွင် စတင် စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရိတ် သိမ်းကြသည်။ ရိတ်သိမ်းချိန်တွင် နေကြာဈေးနှုန်းမှာ တစ် ပိဿာလျှင် ကျပ် ၆၅၀ဝ-၆၈၀ဝ ရှိခဲ့ပြီး ယခုအခါ မေလတွင် တစ်ပိဿာလျှင် ကျပ် ၇၁၀ဝ-၇၂၀ဝ ထိ ဈေးနှုန်းမြင့်တက် နေကြောင်း သိရသည်။  မိမိအိမ်တွင် တစ်နှစ်ပတ်လုံး စားသုံး ရန် သိုလှောင်ထားပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
စွန်တာပြာ
ငါန်းဇွန်မြို့နယ်တွင် စွန်တာပြာပဲသီးနှံကို  မြောက် ကျွန်း၊ ရေလည်သောင်၊ သားကျင်၊ လက်ပံသာ၊ ဆင်တပ်၊ သပြေသာ၊ ကုလားရွာ၊ ငါန်းလွှန့်ကျေးရွာတွင် ပိုမိုစိုက်ပျိုးကြ သည်။ စိုက်ပျိုးသော မျိုးများမှာ မုံရွာထွက်တိုးနီမျိုးနှင့် ဒေသ မျိုးများကို အဓိကစိုက်ပျိုးကြသည်။ သြဂုတ်လတွင် စတင်စိုက် ပျိုးကြပြီး   နိုဝင်ဘာလတွင်  ရိတ်သိမ်းပြီး ပေါ်စချိန်တွင် စွန်တာပြာ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀-၄၁၀ဝ ဈေးနှုန်းရှိပြီး  ယခုအခါ မေလတွင် စွန်တာပြာပဲ  တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၅၁၀ဝ ထိ ဈေးမြင့်တက်လာပြီး မန္တလေးမြို့သို့ တင်ပို့ ရောင်းချကြောင်း သိရသည်။ 
ပဲပုပ်
ငါန်းဇွန်မြို့နယ်တွင် ပဲပုပ်သီးနှံကို  မြောက်ကျွန်း၊ ရေ လည်သောင်၊ သားကျင်၊ လက်ပံသာ၊ ဆင်တပ်၊ သပြေသာ၊ ကုလားရွာ၊ ငါန်းလွန့်ကျေးရွာတွင် ပိုမိုစိုက်ပျိုးကြသည်။ စိုက် ပျိုးသော မျိုးများမှာ ရေဆင်းမျိုးနှင့် ဒေသမျိုးများကို အဓိက စိုက်ပျိုးကြသည်။ မေလတွင် ပဲပုပ်တစ်ပိဿာလျှင် ကျပ် ၅၁၀ဝ- ၅၂၀ဝ ထိ ဈေးနှုန်းရှိပြီး  မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။
မိုးနှမ်း
ဧပြီလကုန်မေလဆန်းတွင် မိုးများ စတင်ရွာပြီဖြစ်သဖြင့် ငါန်းဇွန်မြို့နယ် စီထိန်း၊  တမာပင်၊  အောက်ရိုး၊ ရွာသာ၊ နတ်စိမ်း၊  ထနောင်းပင်၊ မြို့သာ၊ သရက္ကန်၊ ညောင်ပင်ကုန်း၊ အောင်ချမ်းသာကျေးရွာနှင့် ကုန်းသာကျေးရွာများတွင် မိုးနှမ်း များ စတင်စိုက်ပျိုးပြီးဖြစ်သည်။ စိုက်ပျိုးသော မျိုးများမှာ မကွေး ၁/၁၃၊ ရိုးစိမ်း၊ ရှပ်ကလေးမျိုးနှင့် ဒေသမျိုးများ စိုက် ပျိုးကြသည်။  ယခင်နှစ်က မိုးဦးကောင်းသဖြင့် နှမ်းအထွက် နှုန်းကောင်းပြီး   ဈေးကောင်းလည်း   ရရှိသောကြောင့် တောင်သူများလည်း အကျိုးအမြတ်ရရှိကြောင်း သိရသည်။ ယခင်နှစ်ပေါ်စအချိန်တွင် နှမ်းတစ်ပိဿာလျှင် ကျပ် ၆၅၀ဝ-၇၀ဝ၀ထိ ဈေးနှုန်းရှိပြီး မန္တလေးမြို့နှင့် ကျောက်ဆည်မြို့များသို့ ရောင်းချကြောင်း သိရသည်။
ပဲလွမ်း
ရေလည်သောင်၊ မြောက်ကျွန်း၊ ဆင်တပ်၊ သပြေသာ၊ ငါန်းလွှန့်၊ လက်ပံသာကျေးရွာနှင့် မိုးတောင်ကျေးရွာများတွင် စိုက်ပျိုးကြပြီး  ယခုနှစ်တွင် ပဲလွမ်းပေါ်စအချိန်တွင် တစ် ပိဿာလျှင် ကျပ် ၃၇၀ဝ-၃၈၀ဝ နှင့် မေလတွင် ကျပ် ၃၈၀ဝ-၄၁၀ဝ ထိရှိပြီး မြင်းမူမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်း ချကြောင်းသိရသည်။ 
အစေ့ထုတ်ပြောင်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၌ မေလတွင် အစေ့ ထုတ်ပြောင်း တစ်ပိဿာလျှင် ကျပ် ၁၅၅၀ ဈေးပေါက်ပြီး တောင်သူများက မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချ ကာ အကျိုးအမြတ် ရရှိကြောင်း၊ အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။      

 

 သင်းသင်းဆွေ၊ သူဇာမိုး