မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်း ရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ အောက်ဆိပ်အုပ်စုနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ယောချောင်း၊ ချစ်ချောင်းနံဘေး ရှိ ကျေးရွာများတွင် ကြက်သွန်နီသီးနှံကို မိုးစိုက် (ဥစိုက်)၊ ဆောင်းစိုက် (ပင်စိုက်) မျိုးစေ့အနှံယူ စိုက်ခင်းများအပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥယူ (ဇော်မွှား) စိုက်ခင်းများကို ဒေသတွင်းရှိ တောင်သူများမှာ တစ်ပိုင် တစ်နိုင်အဖြစ်လည်းကောင်း စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးကြ သည်။ ယခင်နှစ်က ကြက်သွန်နီ မျိုးဥ (ဇော်မွှား) စိုက်ဧက ၁၅၀ ခန့် စိုက်ပျိုးခဲ့ရာ ယခုနှစ်အတွင်း ကြက်သွန်နီမိုးစိုက် (ဥစိုက်) စိုက်ပျိုး ချိန်တွင် ဈေးကွက်ဝယ်လိုအား ကောင်းမွန်ခြင်းကြောင့် ကြက်သွန် နီများ အရောင်းအဝယ်ဖြစ်၍ မျိုးဥဈေးနှုန်းများလည်း မြင့်တက်လာ သည့်အတွက် ကြက်သွန်နီမျိုးဥ (ဇော်မွှား) စိုက်ဧက ၂၀ဝ ခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရ သည်။
စိုက်ပျိုးမှုအနေဖြင့် မြစ်ချောင်းတစ်လျှောက်ရှိ သဲနုန်းမြေ များတွင် အများဆုံးစိုက်ပျိုးကြပြီး အစေ့ကြဲပက်၊ အကန့်ဖော် ဘောင် တင်ပြီး ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီမျိုးစေ့ ၁၆ ပြည်ခန့် ကြဲပက်စိုက်ပျိုးရပြီး မျိုးစေ့တစ်ပြည်လျှင် အပင်ပေါက်စုံပြီး ကြီးထွားမှုပေါ်မူတည်၍ (ဇော်မွှား)မျိုးဥ ပိဿာ ၁၀ဝ မှ ၁၅၀ ခန့် ထွက်ရှိခြင်းကြောင့် တစ်ဧက လျှင် ပျမ်းမျှ ပိဿာချိန် ၁၆၀ဝ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ် ကြက်သွန်နီမျိုးဥ(ဇော်မွှား) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀-၅၅၀ဝ ပေါက်ဈေးဖြင့် ဒေသတွင်း၌ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ တစ် ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် ၃၅ သိန်းခန့် ကုန်ကျပြီး ကျပ် ၄၅ သိန်းခန့် အကျိုးအမြတ်ရရှိခဲ့သည်။ ယခုနှစ်တွင် တောင်သူများမှ (ဇော်မွှား)မျိုးဥရောင်းချချိန် မရောက်ရှိသေး၍ လေဝင်လေထွက် ကောင်းပြီး အထားခံသော ဝါးထရံအဆောင်များတွင် သိုလှောင် ထားရှိကြောင်း၊ လာမည့် စက်တင်ဘာလကုန် အောက်တိုဘာလဆန်း ပိုင်းတွင် မျိုးဥစိုက်ပျိုးချိန်ရာသီ၌ ရောင်းချရမည်ဖြစ်ပြီး တောင်သူများ အနေဖြင့် ယခင်နှစ်ထက် မျိုးဥဈေးကွက် ကောင်းမွန်ရန် မျှော်လင့် လျက်ရှိကြောင်း၊ ယခုနှစ်တွင် (ဇော်မွှား)မျိုးဥ တစ်ဧကလျှင် ကျပ် သိန်း ၄၀ ခန့် ကုန်ကျကြောင်း၊ မျိုးဥရောင်းချချိန်တွင် ကြက်သွန်နီ ဈေးကွက်ကောင်းမွန်ပြီး(ဇော်မွှား)မျိုးဥ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ပိဿာ ၁၀ဝ လျှင် ကျပ်ငါးသိန်းဈေးဖြင့် ရောင်းချရပါက တောင်သူ များ အဆင်ပြေမည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် စိုက်ပျိုးထွက် ရှိသော (ဇော်မွှား)မျိုးဥများကို ဒေသတွင်း ကြက်သွန်နီမျိုးဥစိုက် တောင်သူများနှင့် ချောက်၊ စလင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ တောင်သူ များမှလည်း လာရောက်ဝယ်ယူကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ကြက်သွန်နီသည် အခြားသီးနှံများအနက် တွက်ခြေကိုက်သော သီးနှံတစ်မျိုးဖြစ်ရာ ကြက်သွန်နီ မျိုးဥ(ဇော်မွှား)စိုက်ခင်းများ စိုက် ပျိုးခြင်းဖြင့် ကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး ဈေးကွက်ခိုင်မာမှု ရှိပါက အကျိုးအမြတ်များစွာ ရရှိသည့်အပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥ ယူခြင်းဖြစ်၍ (နွေ) ကြက်သွန်နီဥစိုက် စိုက်ပျိုးရာတွင် အထွက်နှုန်း ကောင်းမွန်ကာ ဈေးကွက်ဝင် ကြက်သွန်ဥများ ရရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် စိုက်ပျိုးကြကြောင်း သိရှိရ သည်။
မြင့်မြင့်သန်း (ပခုက္ကူ)