နှမ်းဖြူ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ် ပခုက္ကူမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများတွင် မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံဖြစ်သော မိုးကြိုရေသွင်းနှမ်းသီးနှံများ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ လှိုင်လှိုင် ဝင်ရောက်လျက်ရှိသည်။
မိုးကြိုနှမ်းဖြူသီးနှံများ မေလနောက်ဆုံးပတ်မှစ၍ ဇွန်လ စတုတ္ထပတ်အထိ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပြီး ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ တစ်ရက်လျှင် နှမ်းဖြူ အိတ် ၁၂၀ဝ မှ ၁၅၀ဝ ခန့် အထိ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင် စတင်ထွက်ပေါ်စအချိန် မေလ နောက်ဆုံးပတ်တွင် ကျပ် ၁၂၀ဝ၀ဝ၊ ဇွန်လ နောက်ဆုံးပတ်တွင် ကျပ် ၁၀၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ပခုက္ကူခရိုင်အတွင်းသာမက မြင်းခြံခရိုင် အတွင်းမှ လှိုင်လှိုင် ဝင်ရောက်မှုရှိသဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့သော် လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လကုန်ထိ နေ့စဉ်ဝင်ရောက်နိုင် ကြောင်း သိရသည်။
နှမ်းမျိုးစုံ
ပခုက္ကူမြို့နှမ်းမျိုးစုံဈေးနှုန်းများမှာ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၂၄၀ဝ၀ဝ-၂၃၀ဝ၀ဝ၊ နှမ်းနီတစ်တင်းလျှင် ကျပ် ၁၁၅၅၀ဝ-၁၁၅၀ဝ၀၊ နှမ်းဖြူတစ် တင်းလျှင် ကျပ် ၁၀၅၀ဝ၀၊ အရောင်းအဝယ်ဖြစ်ပြီး ယခင်မေလ စတုတ္ထပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် ၃၀ဝ၀ဝ ခန့် ဈေးကျ ဆင်းပြီး နှမ်း(နီ)နှမ်း(ဖြူ)၊ နှမ်း (ညို)နှမ်း(ဝါ) တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ခန့် ဈေးကျ ပြီး နေ့စဉ်ပိဿာ ၃၀ ဝင်အိတ် ၁၅၀ဝ မှ၂၀ဝ၀ ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြတ်မင်း (ရေစကြို)၊ မြင့်မြင့်သန်း (ပခုက္ကူ)