Main menu

Background

ရှမ်းပြည်နယ်အတွင်း အာလူးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်

Mon, 07/07/2025 - 12:58 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကလော၊ အောင်ပန်း၊ ပင်းတယ၊ ဟိုပုံး၊ ဟဲဟိုး၊ ပင်လောင်း၊ နောင် တရားဒေသများတွင် အာလူးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်အနေဖြင် အာလူးစိုက် ဧကမှာ ၅၀ဝ၀ဝ ကျော်ရှိသည်။ ပြည်တွင်း အာလူးစားသုံးမှုဖူလုံစေရန် စိုက်ပျိုးထုတ်လုပ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ တင်ပို့ရောင်းချလျက်ရှိသည်။  အဓိကစိုက်ပျိုးသည့်မျိုးများအနေဖြင့် နယ်သာလန်နိုင်ငံမှ မျိုး၊ တရုတ်မျိုးတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး  ဒေသတွင်းမျိုးမှာ တစ်နှစ်ပတ်လုံးအတွက် တန်ချိန် ကိုး သောင်းကျော်ခန့် လိုအပ်နေသည့်အတွက် ဒေသတွင်း အာလူးစိုက် တောင်သူများစုပေါင်းကာ အများပိုင် ကုမ္ပဏီများထူထောင်၍ အအေးခန်းစက်ရုံများ တည်ဆောက်ပြီး မျိုးလိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိ သည်။
အောင်ပန်း၊ ဟဲဟိုး၊ နောင်တရား၊ ဟိုပုံးနှင့် ပင်းတယမြို့နယ်များတွင် လက်ရှိ အအေးခန်းစက်ရုံ ခြောက်ရုံ၊ အအေးခန်း ကွန်တိန်နာ ရှစ်လုံးတို့ဖြင့် တန်ချိန်၉၀ဝ၀ ကျော်ကို မျိုးအတွက် သိုလှောင်ခြင်း၊ အာလူးအထွက်များချိန်တွင် ဈေးကွက်ထိန်းညှိနိုင်ရန်အတွက် ခေတ္တသိုလှောင်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။ စိုက်ပျိုးသူတောင်သူများ အာလူးစိုက်ပျိုးမှု ကောင်းမွန်စွာ  လုပ်ဆောင်နိုင်ရန်အတွက် အာလူးအအေးခန်းစက်ရုံများဖြင့် ခေတ်မီသိုလှောင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်နိုင်ရန်  တောင်သူ အများပိုင် အစုအဖွဲ့ကုမ္ပဏီများ ထပ်မံထူထောင်၍ဟဲဟိုးမြို့တွင် တန် ၂၀ဝ၀၊ အောင်ပန်းမြို့တွင် တန် ၃၀ဝ၀ သိုလှောင်နိုင်မည့် ခေတ်မီအအေးခန်း သိုလှောင်ရုံများကို တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက် လျက်ရှိသည်။
အာလူးအစုအဖွဲ့များနှင့် သက်ဆိုင်သည့်   ဌာနများပူးပေါင်းပြီး တစ်ရှူးကာချာမျိုးပွားနည်းဖြင့် ဒေသနှင့် ကိုက်ညီသည့်မျိုးများရရှိရန်အတွက် တောင်သူများ စမ်းသပ်စိုက်ပျိုးသည့်အဆင့်သို့ ရောက် ရှိနေပြီး မကြာခင် ပြည်ပမှ အာလူးမျိုးတင်သွင်းမှုကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အအေးခန်းစက်ရုံ အသစ်များကို တောင်သူများစုပေါင်း၍ ၎င်းတို့၏ အစုရှယ်ယာများဖြင့် တည်ဆောက် ခြင်းဖြင့် ပြည်တွင်းစားသုံးမှုအတွက် အရည်အသွေး ပြည့်ဝပြီး စားနပ်ရိက္ခာဖူလုံနိုင်ခြင်း၊ ကုန်သည်နှင့် တောင်သူများပူးပေါင်း၍ ဝယ်လိုအား၊ ရောင်းလိုအား ထိန်းညှိနိုင်ခြင်း၊ အာလူးကဏ္ဍတွင် ပါဝင်ပတ် သက်သူများ စီးပွားအကျိုးဖြစ်ထွန်းစေခြင်း၊ အာလူးစိုက်ပျိုးမှု ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက်  မျိုးအာလူး လိုအပ်ချက်များ သိုလှောင်နိုင်ခြင်းနှင့် ဈေးကွက်မျှတစွာရရှိနိုင်ခြင်း စသည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်သည်။  
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသတွင်းစားသုံးမှုဖူလုံစေရန်နှင့်  တိုးတက်လာရန်အတွက် မျိုး ကောင်း  မျိုးသန့်များရရှိရေး၊ နည်းပညာလိုအပ်ချက်များကို ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှလည်း စတင်စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။                      

စောဝင်းကျော်၊MT-Taunggyi