နာနတ်သီး၏ အရသာကို လူအများ ကြိုက်နှစ်သက်ကြပြီး အသီး၏ အရောင်အဆင်းမှာလည်း ဆွဲဆောင်မှုရှိသောကြောင့် စားသုံးသူများကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသည့် ရာသီပေါ်သီးနှံတစ်မျိုးဖြစ် သည်။ နာနတ်သီးသည် ဗီတာမင်စီများစွာ ပါဝင်သောကြောင့် ခုခံစွမ်းအားကို မြင့်မားစေပြီး ရေဓာတ်ကို လည်း ပြန်လည်ဖြည့်တင်းပေးသည့်အပြင် ကျန်းမာရေးနှင့် အလှအပရေးရာအတွက်လည်း ကောင်းမွန် သော အသီးဖြစ်သည်။
မိုးရာသီအစ ဇွန်လနှောင်းပိုင်းတွင် ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည့် မြစ်ကြီးနား နာနတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ မြစ်ကြီးနားဒေသထွက် နာနတ်သီး သည် အရသာချိုမွှေး၍ မျက်ဆံတိမ်သောကြောင့် ဈေးကွက်အတွင်းတွင် နာမည်ရသော သီးနှံဖြစ်သည်။
မြစ်ကြီးနားဒေသထွက် နာနတ်သီးကို မန်ခိန်၊ ရွှေပြည်သာ၊ နန်ကျင်၊ နောင်နန်း၊ ရွှေစက်ဒေသများရှိ စိုက်ပျိုးရေးခြံများ ယာခင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည်။ မြစ်ကြီးနား နာနတ်သီးများ ထွက် ပေါ်လာသည်နှင့် သီးနှံကုန်သည်များအနေဖြင့် အခင်းပြတ် ဝယ်ယူမှုရှိသလို အလုံးလိုက် ဝယ်ယူမှုများ လည်းရှိသည်။ အခင်း ပြတ်ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်အပေါ် မူတည်၍ အပင်ရေ ၂၀ဝ၀ ပါ အခင်းကွက်အား ကျပ် ၅၅၀ဝ၀ဝ၀ မှ ၆၀ဝ၀ဝ၀ဝ အထိ ဝယ်ယူနေပြီး အလုံးလိုက်ဝယ်ယူရာတွင် အလုံး အကြီးအသေး အလိုက် ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ အထိ ဝယ်ယူ ကြောင်း သီးနှံကုန်သည်တစ်ဦးထံမှ သိရသည်။
ဈေးကွက်အတွင်းတွင် မြစ်ကြီးနားဒေသထွက် နာနတ်သီးအကြီး တစ်လုံးလျှင် ကျပ် ၄၅၀ဝ မှ ၅၀ဝ၀ အထိ၊ အသေး တစ်လုံးလျှင် ကျပ် ၃၅၀ဝ မှ ၄၀ဝ၀ အထိ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြစ်ကြီးနား နာနတ်သီးများကို ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်းမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သီတာဖြိုး (ကချင်)