ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်ဈေး အတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း၊ ဆန်ချော အမျိုးအစားများအလိုက် ဇွန်လ နောက်ဆုံးပတ်တွင် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၂၀ဝ မှ ၄၀ဝ၀ ထိ၊ ငစိန်တစ်ပြည်လျှင် ကျပ် ၂၆၀ဝ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၁၀ဝ မှ ၃၄၀ဝ ထိ၊ ပေါ်ကျွဲ တစ်ပြည်လျှင် ကျပ် ၄၇၀ဝ၊ ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၀ဝ၀၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၄၈၀ဝ၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည်လျှင် ကျပ် ၆၅၀ဝ မှ ၆၇၀ဝ တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။
စားဖိုဆောင်သုံး စားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ) တစ်ပိဿာ ကျပ် ၆၄၅၀၊ ပဲဆီ တစ်ပိဿာ ကျပ် ၂၁၀ဝ၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ်၂၄၀ဝ၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ (အမြွှာ) တစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ (ဥတစ်လုံး) တစ်ပိဿာ ကျပ် ၂၃၀ဝ၀ တို့ဖြစ်ပြီး အာလူးတစ်ပိဿာ ကျပ် ၄၂၀ဝ၊ နနွင်းမှုန့် တစ် ပိဿာ ကျပ် ၁၅၀ဝ၀၊ နနွင်းတက် တစ်ပိဿာ ကျပ် ၉၀ဝ၀၊ အိုင်အို ဒင်းဆားတစ်ပိဿာ ကျပ် ၂၅၀ဝ၊ ရိုးရိုးဆား တစ်ပိဿာ ကျပ် ၂၀ဝ၀၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ငရုတ်တောင့်(ရှည်) တစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ ငရုတ်တောင့်(ပု) တစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ မြန်မာပဲနီလေးတစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ပဲဝါလေး တစ် ပိဿာ ကျပ် ၅၀ဝ၀၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၇၀ဝ၀၊ ချင်း တစ်ပိဿာ ကျပ် ၇၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
အသား/ငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၁၀ဝ၀ ၊ မြန်မာကြက်တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ ဝက်သားတစ်ပိဿာ ကျပ် ၃၄၀ဝ၀၊ ဘဲသား တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ဆိတ်သား တစ် ပိဿာ ကျပ် ၄၂၀ဝ၀၊ အမဲသားတစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ငါးကြင်း တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ ရေချိုငါးခူ တစ်ပိဿာ ကျပ် ၂၇၀ဝ၀၊ မွေးမြူရေးငါးခူ တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊ ပုစွန်တုပ် (ကြီး)တစ်ပိဿာ ကျပ် ၆၀ဝ၀ဝ၊ ပုစွန်တုပ် (လတ်)တစ်ပိဿာ ကျပ် ၅၀ဝ၀ဝ၊ ပုစွန်ကျော့ တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ငါးတန်တစ်ပိဿာ ကျပ် ၁၅၀ဝ၀ ၊ ပင်လယ်ငါး တစ်ပိ ဿာ ကျပ် ၁၀ဝ၀ဝ၊ ငါးရံ့တစ်ပိဿာ( ကျပ် ၃၅၀ဝ၀၊ ငါးကျည်း တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ရေချိုငါးသလောက် တစ်ပိဿာ ကျပ် ၃၅၀ဝ၀၊ ပုစွန် ခြောက် (ကြီး)တစ်ပိဿာ ကျပ် ၁၅၀ဝ၀ဝ၊ ပုစွန်ခြောက်(လတ်)တစ် ပိဿာ ကျပ် ၁၂၀ဝ၀ဝ၊ ပုစွန်ခြောက်(သေး) တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀ ၊ ငါးရံ့ ခြောက် တစ်ပိဿာ ကျပ် ၉၀ဝ၀ဝ၊ ငါးကျည်းခြောက် တစ်ပိဿာ ကျပ် ၉၅၀ဝ၀၊ ငါးပိကောင်တစ်ပိဿာ ကျပ် ၁၈၀ဝ၀၊ အာဗြဲခြောက် တစ်ပိဿာ ကျပ် ၃၂၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက် တစ်စည်း ကျပ် ၈၀ဝ၊ ချဉ်ပေါင်ရွက် တစ်စည်း ကျပ် ၂၅၀၊ ဂေါ်ဖီထုပ် တစ်ထုပ်ကျပ် ၂၅၀ဝ၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၅၀ဝ၀၊ ခရမ်းသီး တစ်လုံး ကျပ် ၃၅၀၊ ဘူးသီးတစ်လုံး ကျပ် ၃၅၀ဝ၊ ရှောက်သီး တစ်လုံး ကျပ် ၁၂၀ဝ၊ မုန် လာဥ တစ်စည်း ကျပ် ၁၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ဆန်နှင့် စားအုန်းဆီမှာ ရည်ညွှန်းဈေးအပေါ် အခြေခံ ရောင်း ချရသော ဈေးနှုန်းများဖြစ်ပြီး အသား/ငါးများမှာ ယခင်လထက် ဈေးနှုန်း အနည်းငယ်တက်ပြီး၊ အခြားစားဖိုဆောင်သုံးကုန်ပစ္စည်း များမှာ ယခင်လထက် ဈေးနှုန်းအနည်းငယ်ကျကြောင်း သိရသည်။
DOCA(ရန်ကုန်)