စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် ဒေသတွင်းထွက်ရှိသည့် စားတော်ပဲ များသာမက မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြပြီး အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချကြ သည်။ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၁၁၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၇၆၀ဝ၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက် စားတော်ပဲ တစ်ပြည်လျှင် ကျပ် ၁၀ဝ၀ ဈေး ပိုမြင့်ခဲ့ကြောင်းသိရသည်။
စားတော်ပဲလုံးရေစိမ်ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၅၂၀ဝ ဖြစ်ပြီး နေ့စဉ် စားတော်ပဲရှစ်ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လက်ဖက်ရည်ဆိုင်၊ အကြော် ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သိရသည်။
ပဲနီလေး
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချသည့် ပဲနီ လေးဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၁၆၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၂၆၄၀ဝ၀ ဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
ပဲပုပ်စေ့
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထပတ်တွင် ရောင်းချသည့် ပဲပုပ် စေ့ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၅၂၀ဝ၀ ဖြစ်ပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ပဲပုပ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍ နှစ်မျိုး ရှိပြီး ပဲပုပ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှ ဝယ်ယူပြီး ပဲပုပ်စေ့အသေးကို ပဲငါးပိ ပြုလုပ်သူများ၊ ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့် သူများမှ ဝယ်ယူကြကြောင်း သိရသည်။
ပဲဖြူပြား
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထပတ်တွင် ရောင်းချသည့် ပဲဖြူ ပြားဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၈၀ဝ၀ နှင့် တစ်တင်းလျှင် ကျပ် ၁၂၈၀ဝ၀ ဖြစ်ပြီး ပဲဖြူပြားကို ရေစိမ်ပြီး အခွံချွတ်၍ ပြန်လည်ရောင်းချသူများ၊ ကိုယ်တိုင် ကြော်သည့် ပဲကြမ်းကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ပြုလုပ်မည့်သူများမှ ဝယ်ယူ ကြကြောင်း သိရသည်။
ပဲလွမ်းပြာနှင့်ပဲလွမ်းဖြူ
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထပတ်တွင် ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ နှင့် တစ်တင်းလျှင်ကျပ် ၈၀ဝ၀ဝ ဖြစ်ပြီး ဈေးငြိမ်နေကြောင်း သိရသည်။
ပဲလွန်းဖြူဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ် ၆၈၀ဝ နှင့် တစ်တင်းလျှင် ကျပ် ၁၀၈၈၀ဝ ဖြစ်ပြီး ဈေးငြိမ်နေကြောင်း ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူ များ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများနှင့် ကောက်ညှင်းပေါင်း ရောင်းချသူ များမှ ဝယ်ယူကြကြောင်း သိရသည်။
နှင်းနှင်းခိုင် (ရွှေဘို)